အီသီယိုးပီးယားရောက်အဆိုတော်

နံရံ မှာ နွားချေး ကပ်နေတဲ့ အပေါ်ပုံ နဲ့ ထင်းတွေ ကို မနိုင်မနင်း
ထမ်းလာတဲ့ အောက်ပုံ မှာ ပါတဲ့ မိန်းခလေး ဟာ ဘယ်သူ များလဲ လို့ မသိချင် ကြဘူးလား။

သူမဟာ ကိုးရီးယား မှာ ဈေးအကြီး ဆုံး အဆိုတော်၊ မင်းသမီး Lee Hyo-lee ပဲဖြစ် ပါတယ်။
အီသီယိုးပီးယား နိုင်ငံမှာ စေတနာ့ ဝန်ထမ်း လုပ်အားပေး သွားရောက် စဉ်က ရိုက်ကူး ထားတဲ့ ပုံများ ဖြစ် ပါတယ်။

ပုံကြည့်ရ တာတော့ ရိုးရိုးအေးအေး လေးနဲ့ သာမန် အရပ် သူလေး လို ပါပဲ။ ဒါပေမဲ့ Lee Hyo-lee
ဟာ hot အဖြစ်ဆုံး sexy အဖြစ်ဆုံး ဆိုတော် မင်းသမီး တဦး ဖြစ် ပါတယ်။

Lee Hyo-lee ဟာ ကိုးရီးယား ဂျပန် တရုတ် ထိုင်ဝမ် ဟောင်ကောင် စတဲ့ အာရှ နိုင်ငံ
တွေမှာ အလွန်မှ ခေတ်စား နေတဲ့
အပြင်၊ တရုတ်ပြည်မှာ မိန်းခလေး တွေဟာ Lee Hyo-lee ရဲ့
ဝတ်ပုံစားပုံ ဖက်ရှင်၊ ဟန်ပန် အမူအရာ၊ ဆံပင် စတိုင်
တွေကို လိုက် အတုခိုး
ကြလွန်းလို့ fashion trend setter ရယ်လို့ နာမည်ကြီး နေပါတယ်။
အီသီယိုးပီးယား ကို ၁၀ ရက် သွားတဲ့ အကြောင်း အစ အဆုံး ကို KBS က မှတ်တမ်းတင် ပြီး
တီဗွီ မှာ ပြမှာ ဖြစ် ပါတယ်။ ထို့ပြင် မသွားခင် မှာလည်း သွားမဲ့ အကြောင်း
ကိုကြိုတင် ကြေငြာ ခဲ့ ပါတယ်။ ဒါဟာ နာမည်ကြီး အောင် စီးပွားရေး လှည့်ကွက် အဖြစ်
သက်သက် ထွင်တာပါ လို့ ထောက်ပြကြ ပါတယ်။
ဒါလည်း ဖြစ်နိုင် ပါတယ်။ တိတ်တိတ် လေးသွားလည်း ဖြစ်တာ ပါပဲ။ ဘယ်လို ရည်ရွယ် ချက်
နဲ့ အီသီယိုးပီးယား သွားတယ် ဆိုတာ ကာယကံ ရှင်ပဲ သိနိုင် ပါမယ်။
Links
Lee Hyo-lee to Launch Volunteer Work in Ethiopia
Lee Hyo-lee Becomes Highest Paid Female Singer
Lee Hyori gains popularity in China as fashionista
Is Hyori really volunteering in Ethiopia?
www.hyori-lee.com
Tagc:
korean singer |
korean actress |
korean news |
korea
Leave your comment