ရုပ်လှပြီးစာလည်းတော်သူ

ကိုးရီးယား မယ်ဘွဲ့ (၂၀၀၃) ရခဲ့တဲ့ Keum Na-na အမည် ရှိတဲ့
မိန်းခလေး ဟာ ၂၀၀၇ ခုနှစ် အတွက် UNESCO အဖွဲ့ကြီး က ချီးမြှင့် တဲ့
L'Oreal-UNESCO Award For Women in Science (FWIS) ဆုကြီး ကိုရရှိ သွား ပါတယ်။
ဒီဆုကို Ph.D (ဒေါက်တာဘွဲ့) ယူနေတဲ့ ထူးချွန်တဲ့ အမျိုးသမီး သိပ္ပံ ပညာရှင် များ
ကိုသာ ပေးတဲ့ဆု ဖြစ် ပါတယ်။(The awards are allocated to women researchers in life
sciences at the doctoral or post-doctoral level, whose promising projects have
been accepted by a reputable institution outside their home country)

Keum Na-na ဟာ ၂၀၀၃
ခုနှစ် က ကိုးရီးယား Kyungpook National University မှာ ဆေးကျောင်းသူ အဖြစ်
တက်ရောက် နေစဉ် ကိုးရီးယား မယ်ရွေးပွဲ ဝင်အရွေး ခံခဲ့ ပြီး၊ မယ်ဘွဲ့ ရရှိ ခဲ့
ပါတယ်။
မယ်ဘွဲ့ အားကိုးပြီး အနုပညာ ဘက်ကို မသွားပဲ ပညာရေး ကိုပဲ လိုက်စား ရန် ဆုံးဖြတ်
ခဲ့စဉ် က အများ အတွက် အထူးအဆန်း ဖြစ် ခဲ့ရ ပါတယ်။
၂၀၀၄ ခုနှစ် ပှာ အမေရိကန် နိုင်ငံ မှ M.I.T နဲ့ Harvard တက္ကသိုလ် ၂ခု စလုံး က
လက်ခံခြင်း ခံခဲ့ ရပြန် ပါတယ်။ M.I.T ကို တကမ္ဘာလုံး က ကျောင်းသား ၁၀,၀၀၀ လောက်
ဝိုင်း လျှောက် လေ့ရှိ ပြီး ၁၀၀၀ လောက် သာ ဝင်ခွင့် ရရှိ ကြ ပါတယ်။ ကိုးရီးယာ။ က
နှစ်စဉ် တစ်ယောကိ နှစ်ယောက် လောက် သာ ရရှိလေ့ ရှိ ပါတယ်။
ထို့ပြင် Keum Na-na ဟာ Samsung Electronics ရဲ့ ပညာသင်
ဆု (a full scholarship) ကို လည်း ရရှိ ခံစားဆဲ ကျောင်းသူ တဦး ဖြစ် ပါတယ်။
Keum Na-na ဟာ Punggi အလယ်တန်း ကျောင်း မှ ကာယ နည်းပြ
ဆရာ Keum Ki-yeong နဲ့ အလယ်တန်း ပြဆရာမ Lee Won-hong တို့ရဲ့ အကြီးဆုံး သမီးဖြစ်
ပြီး၊ ၁၉၈၁ ခုနှစ် မှာမွေး ဖွားခဲံ့ ပါတယ်။
ရှေးရှေး ဘဝ အဆက်ဆက် က ကုသီုလ် ကောင်းမှု အထူး ပြု ခဲ့ဖူးသူ ဖြစ်လို့ သာ
အဆင်းလှခြင်း ဥာဏ်ပညာ ကြီးခြင်း နဲ့ ပြည့်စုံ တာဖြစ် ပါလိမ့်မယ်။
Links
Beauty Queen-Scientist Wins UNESCO Award
Korean Beauty Queen Wins UNESCO Science Award
Miss Korea Accepted by MIT
Miss Korea 2003
Miss Korea 2002 Keum Nana
Tagc:
korean beauty |
korean news
Leave your comment