ဆံတိုမထားခဲ့တဲ့မင်းသမီး

မင်းသမီး Jeon Ji-hyun
ရဲ့ တီဗွီ ကြော်ငြာ နှစ်ခု ဟာ အတေါ်လေး ပေါက်ပြီး
ပရိဿတ် အကြားမှာ
တော်တော် ရေပန်းစား နေ ပါတယ်။
ပထမ တခု ဖြစ်တဲ့ Laneige တံဆိပ် အလှကုန် ကြော်ငြာ မှာ ဆံပင်တို
လေးနဲ့ ရိုက်ထား ပါတယ်။
Jeon Ji-hyun ကို ဘယ်တုံးကမှ ဆံပင်တို နဲ့ မတွေ့ ခဲ့တဲ့ ပရိဿတ် ဟာ
ထူးထူးခြားခြား အမြင်ဆန်း ပြီးလှ နေလို့ ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေကြ
ပါတယ်။

She was always in long hair
မင်းသမီး ဟာ ဆံပင်အရှည် ကိုမဖြတ်
ပဲ ဆံပင်အတု တပ်ပြီး ရိုက်ထား
တာလို့ ဆို ပါတယ်။ ဒီ ကြော်ငြာ video clip ကို
ကြည့်တဲ့ သူ ပေါင်း ၃၁၀၀,၀၀၀
ရှိသွား ပြီး
လို့ လည်း ဆို ပါတယ်။
နောက် ကြော်ငြာ တခုက တော့ မပြရသေး ပါဘူ၊ ကြိုတင်ပြီး သတင်းကြီး နေတာပါ။
Miniskirt လို့ အမည်ရှိတဲ့ လက်ကိုင်ဖုံး ကြော်ငြာ ဖြစ် ပါတယ်။
Jeon Ji-hyun က ဂေါင်ဝန် တိုလေး ဝတ် လာတာကို ရဲအရာရှိ က ရှည်နေ သေးတယ်
ဆိုပြီး ဖမ်း ပါတယ်။ မင်းသမီး က နေရာ မှာတင် ပိုပြီး တိုတို လေး ဖြစ်အောင်
လုပ်လိုက် တော့မှ ရဲက လွှတ်ပေး လိုက်တဲ့ နောက်ခံ နဲ့ ပြသွား တာပါ။ Phone အမည် ကလည်း
Miniskirt Phone လို့ ခေါ် ပါတယ်။

Jeon Ji-hyun ပါဝင် တဲ့ ရုပ်ရှင် တိုင်ဟာ ပေါက်နေ လေတော့ ထုတ်လုပ် သူတွေ ဟာ အလုအယက်
ဖြစ်နေ ကြ ပါတယ်။ ကြော်ငြာတွေ လည်း လက်မလည် အောင် ရိုက် နေရ ပါတယ်။
Jeon Ji-hyun ဟာ Korean Wave တန်းဝင် ရုပ်ရှင်ကား တစ်ကား ဖြစ်တဲ့ My Sassy Girl
ဆိုတဲ့ ရုပ်ရှင်ကား နဲ့ နာမည် ကျော်လာ ခဲ့တဲ့ မင်းသမီး ဖြစ် ပါတယ်။
များမကြာ မှီက ဟောလီဝုဒ် က Last Vampire လို့ အမည် ရှိတဲ့ ရုပ်ရှင် ကားမှာ Jeon
Ji-hyun ပါဝင် ရိုက်ကူး နေ ပါတယ်။
Jun Ji-hyun ကို LOST မင်းသမီး Kim Yun-jin ပြီးနောက်၊
Hollywood က နောက်ထပ် သုံးမဲ့ ကိုးရီးယား မင်းသမီး တဦး ဖြစ် လာရန် အားလုံးက
မျှော်လင့် နေကြ ပါတယ်။

Links
Netizens Excited for Jeon Ji-hyun's New Hair Do
Korea Video Buzz: Jeon Ji-hyun Wears Wig For New Laneige Commercial
Jun Ji-hyun to Debut in Hollywood
Sexy Jeon Ji Hyun Takes off Her Clothes in Anycall Ad
Photos (flickr) of Jeon Ji_hyun (470 Nos)
Photos profile and video clips of Jeon Ji-hyeon
My Sassy Girl (movie)
Il Mare (movie)




Tagc:
korean actress |
korean news |
korea
Leave your comment