Cannes
ပွဲတော်ဆုရရုပ်ရှင်ကား

ကိုးရီးယား မင်းသမီး Jeon Do-yeon(34) ဟာ ကမ္ဘာ ကျော် Cannes ရုပ်ရှင် ပွဲတော်မှာ
အထူးချွန် ဆုံး မင်းသမီး သရုပ် ဆောင် ဆုကို ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ဆွတ်ခူး ရရှိ
ခဲ့ ပါတယ်။
အခုတော့ မင်းသမီး ကိုဆု ရစေ ခဲ့တဲ့ ရုပ်ရှင်ကား Secret Sunshine နဲ့ ဒါရိုက်တာ
Lee Chang-dong(53) ပါ နာမည်ကြီး သွားပြီး လူတွေ သိတ်ပြီး စိတ်ဝင်စား လာကြ ပါတယ်။

ဒါရိုက်တာ Lee Chang-dong ဟာ ၂၀၀၃ နဲ့ ၂၀၀၄ ခုနှစ် က ကိုးရီးယား ယဉ်ကျေးမှု
ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောငိ ခဲ့သူ လည်းဖြစ် ပါတယ်။
ကိုးရီးယား သမတကြီး ကလည်း ဒီဆုကြီး ရရှိလို့ အလွန် မှ ဂုဏ်ယူ ကြောင်း ဂုဏ်ပြု
သဝုဏ်လွှာ ပေးပို့ ခဲ့ ပါတယ်။

သားတစ်ယောက် မိခင် မုဆိုး မလေး Shin-ae တို့ သားအမိ ဟာ ယောက်ျား ရဲ့ ဇာတိမြို့
သေးသေးလေး မှာပြောင်းရွှေ ပြီးအခြေ စိုက် ပါတယ်။
Shin-ae ဟာ panio ဆရာမလေး တစ်ဦး ဖြစ် ပါတယ်။ ပြောင်လာ ခါစတော့ အစစ အဆင်ပြေသလို
ရှိခဲ့ ပါတယ်။ လူတွေ ကလည်း ပြုံးပြုံး ရွှင်ရွှင် ဆက်ဆံ ကြပြီး သားလေ ကလည်း ကျောင်း
မှာ အဆင်ပြေ နေခဲ့ ပါတယ်။

ကိုးရိုးကားယာ နိုင်လှ တဲ့ဂွကျကျ ကားပြင်ဆရာ တစ်ဦးနဲ့ လည်းအသိ အကျွမ်း ဖြစ်ခဲ့
ပါတယ်။ ဒီကားပြင် ဆရာဟာ Shin-ae နောက်ကနေ တကောက်ကောက် လိုက်နေ တဲ့အထိ Shin-ae ကို
စွဲလမ်း ခဲ့ ပါတယ်။

အစစ အဆင်ပြေ နေရာ ကနေ ပြဿနာ တွေ ကစလာ ပါတော့တယ်။ Shin-ae
ရဲ့သားလေး ဟာ ပြန်ပေး
အဆွဲခံ ရ ပါတယ်။ ဇာတ်လမ်းဟာ လျွို့ဝှက်မှု တွေ ရှိလာ သလို တခါတလေ မှာလည်း
တုန်လှုပ်ဖွယ်ရာ ကောင်းလာတယ် လို့ဆို ပါတယ်။

ဘဝအပေါ် ယုံကြည်မှု ဟာ ဘယ်လောက်ပဲ အားကောင်း နေသော်လည်း၊ မမျှော်လင့် ပဲ
ယုံကြည်မှု ကင်းမဲ့ တဲ့အဖြစ် ကို ရောက်သွား တယ်ဆို တာကို ပညာသား ပါပါ ရိုက်ပြ
သွားတယ်လို့ ဆို ပါတယ်။
မင်းသမီး Jeon Do-yeon ရဲ့ သရုပ်ဆောင် ကောင်း မှုက
လည်း ဇာတ်ကားကို အထူး
အားကောင်း စေခဲ့တယ် လို့ဆို ပါတယ်။ ဒါကြောင့်လည်း Cannes ဆုကြီး ကိုဆွတ်ခူး ခဲ့တာ
ဖြစ်မှာပါ။
ရုပ်ရှင်ကား ၄ ကားသာ ရိုက်ဖူး ခဲ့တဲ့ ဒါရိုက်တာ Lee Chang-dong
ဟာ အတွေး အခေါ်သမား (
intellectual) တစ်ဦး ပီပီ ရိုးရိုး ရှင်းရှင်း ကျောရိုး လေးကိုပဲ စိတ်ဝင်စား စရာ
ဖြစ်အောင် ရိုက်ပြ သွားနိုင်တယ် လို့ ဝေဖန်သူ တွေ က ချီးကျူး သွား ပါတယ်။
လောလော ဆယ်တော့ ရုပ်ရှင်ကား Secret Sunshine ဒါရိုက်တာ Lee Chang-dong နဲ့
မင်းသမီး Jeon Do-yeon တို့ဟာ ကိုးရီးယား တနိုင်ငံ လုံးရဲ့ ဂုဏ်ယူ ဖွယ်ရာ များ
ဖြစ်နေ ပါတယ်။
Links
Slide Show of movie Secret Sunshine
Jeon Do-yeon Wins Best Actress at Cannes
Cannes: 'Secret Sunshine', a mysterious journey of faith
Competition-Shy Director Braves Competition at Cannes
'Secret Sunshine' Asks Existential Questions
Secret Sunshine - Movie - Hancinema.org
Secret Sunshine - Movie review
Tagc:
korean actress |
korean movie |
korean news
Leave your comment