Cannes
သရုပ်ဆောင်ဆုရရှိခြင်း

Jeon Do-yeon ဟာ ကမ္ဘာ ကျော် Cannes ရုပ်ရှင် ပွဲတော်မှာ အထူးချွန်ဆုံး မင်းသမီး
သရုပ်ဆောင် ဆုကို
ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ဆွတ်ခူး ရရှိ ခဲ့ ပါတယ်။
Cannes ထူးချွန်ဆု ကို အာရှမှာ ဒုတိယ မြောက် ဆွတ်ခူးသူဖြစ် ပြီး၊ ကိုးရီးယား
မင်းသမီး အနေနဲ့ တော့ ပထမ ဦးဆုံး
ရရှိ ခဲ့တဲ့ မင်းသမီး ဖြစ် ပါတယ်။
တရုတ် မင်းသမီး Maggie Cheung ဟာ Cannes ဆုကို ၂၀၀၄ ခု နှစ်က အာရှသူ အနေနဲ့
ပထမ ဦးဆုံး ရရှိ ခဲ့ ပါတယ်။ Maggie Cheung ဟာ ပြင်သစ် ဒါရိုက်တာ နဲ့ ရိုက်ပြီး
အင်္ဂလိပ် စကားပြော တဲ့ ဥရောပ ကားမှာ
ဆုရ ခဲ့ခြင်း ဖြစ် ပါတယ်။
Jeon
Do-yeon ကတော့ ကိုးရီးယား စကားပြော ပြီး ကိုးရီးယား ဒါရိုက်တာ နဲ့ ရိုက်တဲ့ အာရှ
ဇာတ်ကား စစ်စစ် နဲ့ Cannes ဆုကို ရရှိ ခဲ့တာ ဖြစ် ပါတယ်။ အာရှတိုက် သားတွေ
အတွက်တော့ ဂုဏ်ယူ စရာ မှတ်တိုင် တစ်ခု ဖြစ် ပါတယ်။
Jeon Do-yeon ဟာ ဒါရိုက်တာ Lee Chang-dong ရဲ့ Secret Sunshine အမည် ရှိတဲ့ ကိုးရီးယား
ရုပ်ရှင် ကားနဲ့ ဆုရခဲ့ တာဖြစ် ပါတယ်။
အဆိုပါ Cannes ရုပ်ရှင် ပွဲတော် ဟာ ပြင်သစ်ပြည် တောင်ပိုင်း Cannes ဒေသမှာ
နှစ်စဉ် ကျင်းပတဲ့ အကြိမိ ၆၀ မြောက် ပွဲတော် ဖြစ် ပါတယ်။
ဒါရိုက်တာ Lee Chang-dong ဟာ ၂၀၀၃ နဲ့ ၂၀၀၄ ခုနှစ် က ကိုးရီးယား ယဉ်ကျေးမှု
ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောငိ ခဲ့သူ လည်းဖြစ် ပါတယ်။
ကိုးရီးယား သမတကြီး ကလည်း ဒီဆုကြီး
ရရှိလို့ အလွန် မှ ဂုဏ်ယူ ကြောင်း ဂုဏ်ပြု
သဝုဏ်လွှာ ပေးပို့ ခဲ့ ပါတယ်။
Links
Jeon Do-yeon Wins Best Actress at Cannes
Competition-Shy Director Braves Competition at Cannes
'Secret Sunshine' Asks Existential Questions
Secret Sunshine - Movie - Hancinema.org
Secret Sunshine - Movie review
Profile of Jeon Do-yeon
Tags:
korean actress
korean movie
korean news
Leave your comment