ယောက်ျားကယောက်ျားယူခြင်း
ယောက်ျား
ကနေ မိန်းမ ခန္တာကိုယ် ဖြစ် အောင် ခွဲစိပ် ပြောင်းလဲ ထား တဲ့
နာမည်ကျော် transgender အဆိုတော် Harisu(32)
ဟာ ၄င်းထက် ၆နှစ် ငယ်တဲ့ သူ့ boy friend, Rap အဆိုတော် Micky Jung နဲ့
Seoul မြို့ CentralCity မှာ
မေ လ ၁၉ ရက်နေ့ က လက်ထပ် လိုက် ပါတယ်။
Harisu ရဲ့ လက်ထပ်ပွဲ ကို ၁၉၉၅ ခုနှစ် တုံးက သူ့ကို ယောက်ျား ကနေ မိန်းမ ပုံစံ
ဖြစ်အောင် ခွဲစိပ်ပေး ခဲ့တဲ့ ဆရာဝန် Kim Seok-gwon က အခမ်းအနားမှူး အဖြစ် ဦးစီး
ကျင်းပ ပေးခဲ့ ပါတယ်။
ကျွန်မ
ဟာ ဇနီးကောင်၊ စားဖိုမှူး ကောင်း တစ်ယောက် ဖြစ်လို ပါတယ်။ ကျွန်မ ယောက်ျား အတွက်
sexy လည်း ဖြစ်လို ပါတယ်၊ တပြိုင်တည်းမှာ သူငယ်ချင်း ကောင်း တစ်ဦးလည်း ဖြစ်လို
ပါတယ် လို့ Harisu က media တွေနဲ့ တွေ့ဆုံပွဲ မှာ ပြောသွား ပါတယ်။
ခလေးယူ နိုင်တဲ့ အမျိုးသမီး ဖွဲ့စည်း ပုံမရှိ လေတော့ ခလေး ၂ ယောက် မွေးစား ဖို့
အစီအစဉ် ရှိပါတယ်။ ကျွန်မ က ခလေး ၁၀ ယောက်လောက် မွေးစား ချင်တာ ပါ၊ သူငယ်ချင်း တွေက
ဝိုင်းတား ကြလို့ စိတ်လျော့ ထား တာပါ လို့ ပြောသွား ပါတယ်။
Harisu ဟာ ယောက်ျား လေး ကို မိန်းခလေး နဲ့ တထေရာ ထည်းတူအောင် operation လုပ်ပြီး
ပြောင်းထား တဲ့ အင်္ဂလိပ် ဘာသာ နဲ့ transgender လို့ ခေါ် တဲ့ လိမ်ပြောင်း မိန်းခလေး
တစ်ဦး ဖြစ် ပါတယ်။
သူဟာ ခွဲစိပ် ပြီး
လိမ်ပြောင်း သူပါ လို့ ပထမ
ဦးဆုံး ထုတ်ဖေါ် ငြောငြာ ခဲ့တဲ့ အဆိုတော်
လည်း ဖြစ် ပါတယ်။ (She is
the first entertainer in Korea who has made it publicly
known that she has had a transgender operation.)


Links
Korean Transgender Star Harisu at Her Wedding Ceremony
Korean Transgender Star Harisu Wants to Adopt Kids
The first famous transgender star Harisu
Transsexual Stars
What is transgender [http://en.wikipedia.org]

Tagc:
transgender |
korean news |
korean singer |
korea
Leave your comment