အွန်စောရဲ့ပုံစံသစ်

မင်းသမီး အွန်စော (Song Hye-gyo) ဟာ နာမည်ကျော် အမေရိကန် Vogue မဂ္ဂဇင်း
မျက်နှာဖုံး မှာ ဖေါ်ပြခြင်း ခံရပါတယ်။ ဒီ မဂ္ဂဇင်း မှာ ဖေါ်ပြခံ ရဖို့ ဆိုတာ လွယ်လွယ်
မဟုတ် ပါ၊ အွန်စော ဟာ ပထမ ဦးဆုံး ဖေါ်ပြခြင်း ခံရ တဲ့ ကိုးရီးယား လူမျိုး ဖြစ်
ပါတယ်။
Vogue မဂ္ဂဇင်း မျက်နှာဖုံး မှာ ကမ္ဘာကျော် မင်းသမီး တွေနဲ့ မိုဒယ်ဂဲလ် တွေ ကိုသာ
ဖေါ်ပြလေ့ ရှိ ပါတယ်။ ယခု လာမည့် ဇွန်လ ထုတ် မဂ္ဂဇင်း မှာ ထုတ်ဝေ မှာဖြစ် ပါတယ်။
ထို့အပြင် အတွင်းဘက်မှာ လည်း ပုံကြီး ၁၈ ပုံ ပါဦး မှာဖြစ် ပါတယ်။
ဓါတ်ပုံ ရိုက်တဲ့ ပြင်သစ် အဖွဲ့ဟာ အွန်စော နဲ့ သူဝတ် ပြတဲ့ ကိုးရီးယား ရိုးရာ
ဝတ်စုံ တွေကို အင်မတန်မှ သဘောကြ ကြ ပါတယိ။
ဇွန်လ ၆ ရက်နေ့မှာ Hwang Jin-i လို့ အမည်ရှိတဲ့ ဂျပန်က geisha မယ် တွေနဲ့ အလားတူ
တဲ့ ကိုးရီးယား ဖျော်ဖြေရေး အမျိုးသမီး များ (female entertainers) အကြောင်း
နောက်ခံ ပြုထားတဲ့ ရုပ်ရှင် ကာတစ်ကား ပြသ ရန်ရှိ ပါတယိ။

Song Hye-gyo ဟာ ဒီ ရုပ်ရှင် ကားမှာ ဖျော်ဖြေရေး မယ် အဖြစ် ပါဝင်
သရုပ်ဆောင် ထား ပါတယ်။ သရုပ် ဆောင် သကိတမ်း တလျှောက် လုံးမှာ Song Hye-gyo ဟာ
နုနုဖတ်ဖတ် အရုပ် လေးလို ဇာတ်လမ်း တွေ ပဲ ရိုက်ကူး ခဲ့ပြီး၊ ကြမ်မဲ့ ရမ်းမဲ့ Love
scene တွေပါ မှာ သေချာတဲ့ "ဖျော်ဖြေရေးမယ်" အဖြစ် ဘယ်လို သရုပ်ဆောင် မယ် ဆိုတာ
လူတွေ က စိတ်ဝင်စါး နေကြ ပါတယ်။
Links
Song Hye-gyo to Appear on Cover of Vogue Korea
Song Hye-gyo Sheds Cute Image for Gisaeng Role
About a kisaeng named Hwang Jin-i
Profile, pictures and video clips of Song Hye-gyo

Tagc:
korean actress |
korean movie |
korean culture |
korean news
Leave your comment