ထောင်ရှစ်လကျသွာပြီး

မင်းသား Kwon Sang-woo ကို ခြိမ်းခြောက် ခဲ့မှုနဲ့ သူ့ရဲ့ မန်နေဂျာ ဟောင်း
ကို ရဲအဖွဲ့
က မကြာမှီ က ရုံးပို့ အရေးယူ ခဲ့ ပါတယ်။
ဒီအမှု ဟာ ပစ်မှု ထင်ရှား တယ်လို့ ရုံးတော်က ဆုံးဖြတ် ပြီး မေလ ၁၆ ရက်နေ့ ၎င်း
မန်နေဂျာ ဟောင်းကို ထောင်ဒါဏ် ၈ လ ချလိုက် ပါတယ်။
မင်းသား ရဲ့ မန်နေဂျာ ဟောင်း
မှာ Baek Chang-joo (28) ဆိုသူ ဖြစ် ပါတယ်။ မင်းသား
က သူ့ကို မန်နေဂျာ ပြန်မခန့် ရင်၊ မင်းသားရဲ့ လူသိ မခံလို တဲ့ ကိစ္စ တွေကို
ဖေါ်ထုတ်ပစ် မယ် လို့ ခြိမ်းခြောက် ခဲ့ပါတယ်။ ယခင်က သူဟာ Kwon Sang-woo ရဲ့ မန်နေဂျာ
အဖြစ် ၂၀၀၃ ခုနှစ် နဲ့ ၂၀၀၄ ခုနှစ် တွေ မှာ ၂နှစ် လုပ်ခဲ့ဖူ ပါတယ်။ Baek Chang-joo
ဟာ ယခင်က လူဆိုး ဂိုဏ်း အဖွဲ့ဝင် လည်း ဖြစ်ခဲ့ ဖူး တယ်လို့ လည်း ဆိုကြ ပါတယ်။
မင်းသားရဲ့ တိုင်ကြား ချက်အရ အမှုဖွင့် စစ်ဆေး ခဲ့ရာမှာ ပြစ်မှုထငိရှား သဖြင့်
အခုလို ထောင်ဒါဏ် ပေးခံ ရခြင်းဖြစ် ပါတယ်။
Kwon Sang-woo ဟာ model အဖြစ် စတင်ခဲ့ ပြီး၊
Stairway to Heaven ဆိုတဲ့ TV Drama နဲ့ နာမည်
စကြီးလာခဲ့ ပြီး၊ ၂၀၀၃ မှာ My Tutor Friend နဲ့ ၂၀၀၄
မှာ Love So Divine တို့နဲ့ ဆက်လက် ထင်ပေါ် ခဲ့ပြီး၊
လျှမ်းလျှမ်းတောက် မင်းသား တစ်လက် ဖြစ်လာ ခဲ့ ပါတယ်။
Links
Manager Jailed for Blackmailing South Korean Star
Korean Wave Stars Under Threat
Ex-Gangsters Indicted for Blackmailing Movie Star
Pictures, video clips and profile of Kwon Sang-woo
Tagc:
korean actor
korean news
korea
Leave your comment