ကယ်ဆယ်ရေးမင်းသား

ဂျပန်မှာ ပြနေတဲ့ ဂျပန် တီဗွီ ဇာတ်လမ်းတွဲ တစ်တွဲ ဟာ ကြည့်သူ နည်းလွန်းလို့
ရပ်ရမည့် အခြေ အနေ ရှိနေခဲ့ ပါတယ်။ သင်ဟာ ထုတ်လုပ်သူ ဆိုရင် ဘယ်လို ပြန် အဖတ်ဆယ်
မလဲ။
လွယ်လွယ် လေးပါ၊ ဒါလေးများ၊ ကိုးရီးယား မင်းသား Ryu Si-won ကို ခေါ်၊ ဧည့်သည် တော်
မင်းသာ အဖြစ် ခဏ ပါခိုင်း လိုက်၊ ဇာတ်ညွှန်း ကိုတော့
ဆီလျော် အောင် လုပ်လိုက် ရင်
ပြန်ပြီး လူကြည့် များလာ ပါလိမ့်မယ်။
မကြာမှီက ဂျပန် NHK ရုပ်သံ ကတင်ဆက် နေတဲ့ Dondo Hare ဆိုတဲ့ တီဗွီ ဇာတ်လမ်းတွဲ ဟာ
rating 14.9% ပဲရှိ လို့ ရပ်လိုက် ရမလို ဖြစ်ခဲ့ ပါတယ်။ နောက် တော့ ကိုးရီးယား
မင်းသား Ryu Si-won ကို ခဏ ခေါ်ပြီး ဧည့်သည် တော် မင်းသာ အဖြစ် ၇ ရက် ပါခိုင်း လိုက်တာ drama rating ပထမ နေရာ ကို ရောက်သွား ပါတယ်။
Dondo Hare ဟာ ပထမ အခန်းတွဲ (first episode) ကတည်းက အခြေအနေ မဟန် ခဲ့ပါ။ ဂျပန်
တီဗွီ ရာဇဝင် မှာ အဆိုးဆုံး လို့ ပြောကြ ပါတယ်။ မင်းသား Ryu Si-won ပါဝင်ပြီး
အစွမ်းပြ လိုက်တော့ မှပဲ အသက်ရှူချောင် သွားခဲ့ ပါတယ်။

Ryu Si-won ကို ဇာတ်လမ်း ထဲမှာ ဂျပန်မှာ ကျောင်းတက် ဖူးတဲ့ ကျောင်းသား
ဟောင်းတစ်ဦး က ဂျပန် မှာ ကျန်ရစ်တဲ့ ရည်းစားဟောင်း ကို လာရှာတဲ့ အရေးပေါ် လုပ်ဇာတ်
ခင်းပြီး ၇ ရက် လောက် ဝင်ပါ ခိုင်း လိုက်တော့ သူ့ ပရိဿတ် က သောင်းသောင်းဖျဖျ အားပေး
ကြ ပါတယ်။
Ryu Si-won ဟာ ဂျပန် စကားပြော နဲ့ ဒါ ပထမ ဆုံး ရိုက်တာပါ။ ဝါရင့် မင်းသား
ဖြစ်လေတော့ အလွယ်တကူပဲ သရုပ်ဆောင် နိုင်ခဲ့ ပါတယ်။
Links
Japanese Drama with Korean Actor Tops Ratings
[NHK Drama] Dondo Hare Ryu Su-won-April 2007
Dondo Hare (drama wiki)
Pictures, video clips and profile of Ryu Su-won.
Tagc:
korean actor |
korean news
Leave your comment