ကျောင်းထုတ်ခံရတဲ့မင်းသား
မင်းသား Cho In-sung(26) ဟာ အတန်းချိန် မမှန်လို့ သူလက်ရှိ တက်နေတဲ့ တက္ကသိုလ် ကနေ
ကျောင်း ထုတ်ခြင်း ခံရ ပါတယ်။
Cho In-sung ဟာ လောလောဆယ် မြဝတီ မှာလာနေတဲ့
မေတ္တာစမ်းရေ ဇာတ်လမ်းတွဲ မှာ သွေးကြောက် တတ်တဲ့ ညီငယ် ဆရာဝန် အဖြစ်
သရုပ်ဆောင် တဲ့ မင်းသား ဖြစ် ပါတယ်။
မင်းသားဟာ ပထမ South Cholla ပြည်နယ် က Chunnam Techno College မှာတက်ပါတယ်။
နောက်ပိုင် ၂၀၀၃ ခုနှစ်မှာ ယခု ကျောင်းထုတ် ခံရတဲ့ Dongguk University သို့
သရုပ်ဆောင် ဘာသာရပ် နဲ့ပြောင်း တက် ခဲ့ ပါတယ်။
သူဟာ ၂၀၀၅ ခုနှစ် မှာ A Dirty Carnival အမည်ရှိ ရုပ်ရှင် ကား ရိုက်တဲ့ အချိန်က
စပြီး ကျောင်းတက် ချိန် မမှန် တော့ ပါဘူ။
မင်းသားရဲ့ အေးဂျင့် Sidus HQ ရဲ့အဆို အရ သရုပ်ဆောင် လုပ်ငန်း အချိန်သိတ်
ကွက်စေ့ နေလို့ အခုလို ဖြစ်သွား ရတယ် လို့ဆို ပါတယ်။ ထို့ပြင် မင်းသား ဟာ
စစ်မှုထမ်း ရန်ဆင့်ခေါ် ခြင်း မခံရ သေးပေမဲ့ စစ်မှုထမ်း တော့မယ် လို့ လည်းပြော
ပါတယ်။
Cho In-sung ဟာ Piano (SBS 2001) တီဗွီ ဇာတ်လမ်း တွဲ မှာစတင် နာမည် ရခဲ့ပြီး၊
၂၀၀၄ ခုနှစ် မှာ What happened in Bali ဇာတ်လမ်းတွဲ နဲ့ အထွဋ်အထိပ် ကို ရောက်ခဲ့
ပါတယ်။
သူဟာ ထင်ရှားတဲ့ ရုပ်ရှင် များဖြစ်တဲ့ Madeleine (2002), Love of South and
North ( 2003), The Classic ( 2002) နဲ့ A Dirty Carnival ( 2006) စသည် တို့မှာ
လည်း သရုပ် ဆောင်ခဲ့ ပါတယ်။
Links
Top Movie Star Cho In-sung Dropped From University
Tagc:
korean actor
korean news
korea
Leave your comment