So Ji-sup လည်းလွတ်လာပြန်ပြီး
မြန်မာ ပရိဿတ် နဲ့ ရင်းနှီး ပြီးသား ဖြစ်တဲ့
မင်းသား So Ji-syp ဟာ ၂၀၀၅
ခုနှစ် ကစပြီး စစ်မှု ထမ်း ခဲ့တာ ဒီလ ၂၇ ရက် နေ့မှာ ၂ နှစ်သက်တမ်း ပြည့်
သွားလို့ စစ်တပ် ထဲက ထွက်လာ ပြီးဖြစ် ပါတယ်။ ထွက်တဲ့နေ့ က သူ့ ပရိဿတ် ၅၀၀ လောက် ဟာ တပ်ဝ
မှာလာကြို နေကြ ပါတယ်။
စစ်မှုထမ်း နေစဉ် So Ji-sup ဟာ
media လောက နဲ့ ခပ်ကင်းကင်း နေခဲ့ ပါတယ်။ နောက်ဆုံး တပ်ထွက် နှုတ်ဆက် ပွဲ
လုပ်စဉ် ဒေသခံ စာစောင် သို့ပြောကြား ရာမှာ၊ တပ်မှ တာဝန်
ရှိသူများ ရဲ့ စေတနာ ထက်သန် စွာ ကူညီ မှုကြောင့် စစ်မှု ထမ်းခြင်း ကို
အောင်မြင်စွာ ပြီးဆုံး ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်း တို့အာ အထူး ကျေးဇူးတင်
ပါကြောင်း ပြောကြား သွား ပါတယ်။
ှ
So Ji-sup ဟာ Thousand Years of Love,
Glass Slippers, Delicious Proposa, I'm Sorry
I Love You, What Happened in Bali အစရှိတဲ့ တီဗွီ ဇာတ်လမ်း
တွဲးတွေ နဲ့ တောက်လျှေက် နာမည် ရခဲ့တဲ့ Korean Wave မင်းသား တစ်ဦး ဖြစ်
ပါတယ်။
So ဟာ မကြာမှီက Seoul မြို့ Mapo ရပ်ကွက် မှ
ဆင်းရဲတဲ့ ခလေး တွေ အတွက် won ငွေ ၁၀ သန်း လှူတမ်း ခဲ့ပြီး၊ စစ်မှုထမ်း
နေစဉ် ကလည်း စစ်တပ် ရဲ့ Mapo
District Office မှာ လူမှု ဆက်ဆံ ရေး တာဝန် ကို ယူခဲ့ ပါတယ်။
တပ်တာဝန်
ပြီးခါနီး မှာ So ရဲ့ agency BOF က So ဟာ လာမည့် မေလကုန်
မှာ Cain and Abel ဆိုတဲ့ တီဗွီ ဇာတ်လမ်း တွဲကို ရိုက်ကူး မှာ
ဖြစ်ကြောင်း ကြေငြာ ခဲ့ ပါတယ်။ တချို့ ရိုက်ကွက် များကို San
Francisco မှာ ရိုက်မှာ ဖြစ်ကြောင်း လည်းသိ ရပါတယ်။
Links
Actor Donates 10 Mil. Won
Actor So a Secret Helper during Duty
Profile, pictures and vedio clips of So Ji-sup
Tags:
korean actor |
korean news |
korea
Leave your comment