စာအုပ်ရေးတဲ့မင်းသမီး
My
Name is Kim Sam-soon ဇာတ်လမ်း တွဲနဲ့ နာမည် ကျော်လာတဲ့ မင်းသမီး Kim Seon-ah ဟာ My
Name is Kim Sam-soon အမည် နဲ့ပဲ စာအုပ် တစ်အုပ် ကို ဂျပန် မှာ ထုတ်ဝေ လိုက် ပါတယ်။
Asahi Daily Publishing ကနေ ထုတ်ဝေ လိုက်တဲ့ ဒီစာအုပ် ဟာ ဂျပန် မှာ တရှိန်ရှိန်
နာမည် ရနေ ကြောင်း ဂျပန် media များက ဖေါ်ပြ ကြ ပါတယ်။ ဇာတ်လမ်း တွဲ My Name is Kim
Sam-soon ဟာ အသက် ၂၀ နဲ့ ၃၀ ကြား အမျိုးသမီး တွေ အကြားမှာ အထူး လူကြိုက် များ
ပါတယ်။
စာအုပ်
မှာ Kim ရဲ့ ပတ်လည် ရှိ ဇာတ်ကောင် များ အကြောင်း အသေးစိပ် ဖေါ်ပြထား ပြီး၊ မင်းသား
Hyeun Bin ရဲ့ အင်တာဗျူး၊ ဇာတ်ညွှန်း ဆရာ Kim Do-woo ရဲ့ အမှာစာ တွေလည်း ပါပါတယ်။
Producer Kim Hyeon-cheol ကလည်း မင်းသမီး Kim Seon-ah နဲ့ သူ သရုပ်ဆောင်
ခဲ့တဲ့ ဇာတ်ကောင် Sam-soon နှိုင်းယှဉ် ချက် ကို ထည့်သွင်း ပေး ခဲ့ ပါတယ်။
ဂျပန် အမျိုးသမီး အများ အပြား က ဇာတ်လမ်းတွဲ My Name is Kim Sam-soon ဟာ အသက် ၃၀
ကျော် ဂျပန် အမျိုးသမီး များ ရဲ့ ဘဝ ကို ပီပီ ပြင်ပြင် ထင်ဟပ် ထားတယ် လို့ ယူဆ ကြ
ပါတယ်။
Links
Actress Kim Seon-ah has published a book Japan
Tags:
korean Actress |
korean drama |
korean news |
korea
Leave your comment