Hotelier ကိုဂျပန်ကပြန်ရိုက်မည်
Hotelier
ဆိုတဲ့ တီဗွီ ဇာတ်လမ်း တွဲ ဟာ ၂၀၀၁ ခုနှစ်
မှာ ပြခဲ့ ပြီး အတော် နာမည် ကြီး ခဲ့တဲ့ Korean
Wave စာရင်း ဝင် ဇာတ်လမ်းတွဲ တစ်တွဲ ဖြစ် ပါတယ်။ မူလ ကား မှာ မင်းသား Bae Yong-joon,
Kim Seung-woo နဲ့ မင်းသမီး Song Yoon-ah, Song Hye-kyo တို့ လေးလက် ပါဝင်
သရုပ် ဆောင် ခဲ့ပြီး ယခု ထက်တိုင် နာမည် ကြီးနေ ဆဲ ဖြစ် ပါတယ်။
ဒီဇာတ် လမ်းတွဲ ကိုပဲ ဂျပန် မှာ မူလ ဇာတ်လမ်း ကျောရိုး အတိုင် ဂျပန်
မင်းသား မင်းသမီး တွေနဲ့ ပြန်ရိုက် ဖို့ စီစဉ် နေကြ ပါတယ်။ မူလ
ကိုးရီးယား ကားမှာ သရုပ်ဆောင် ခဲ့တဲ့ မင်းသား Bae Yong-joon ဟာ ခုရိုက်မဲ့ ဂျပန်ကား
မှာ ဧည့်သည်တော် အဖြစ် ပါဝင်မှာ ဖြစ် ပါတယ်။
ဂျပန်မှုပြု ထားတဲ့ remake episode (1) ကို ဧပြီလ ၁၉ ရက်နေ့ မှာ ဂျပန် Asahi TV မှ
စတင် ပြသမှာ ဖြစ် ပါတယ်။ Hotelier ဟာ ဂျပန်မှု အပြုခံ ရတဲ့ ပထမ ဆုံး ကိုးရီးယား
တီဗွီ ဇာတ်လမ်း တွဲလည်း ဖြစ် ပါတယ်။
ဂျပန် version မှာ နာမည် ကြီး မင်းသား မင်းသမီး များ ဖြစ်ကြ တဲ့ Ueto Aya, Oikawa
Mitsuhiro, Tanabe Seiichi နဲ့ Saeko တို့မှ ပါဝင် သရုပ်တောင် ကြမှာ ဖြစ် ပါတယ်။
Bae Yong-joon နဲ့ Ueto Aya တို့ ဂျပန်
မှာ နာမည် ကျော် တွေ ဖြစ်လေ တော့ သူတို့ ပရိဿတ် ဟာ ဇာတ် လမ်းတွဲ ပြမည့် ရက်ကို
မျှော် နေကြ ပါတယ်။
Links
Bae Yong Jun to Star in Japanese Remake of The Hotelier
hancinema.net Hotelier (drama)
Hotelier (Original Korean Version) drama-wiki
Hotelier (TV Asahi Japan) drama-wiki
Pictures from Hotelier
Tags:>
korean drama |
korean news |
korea
Leave your comment