တစ်နာရီနဲ့လက်မှတ်ကုန်သွားပြီး
Spring
Waltz တီဗွီ ဇာစ်လမ်းတွဲ အပြီးမှာ အရမ်း နာမည် ကြီးလာတဲ့ မင်းသား Seo Do-young ဟာ
ဂျပန် နိုင်ငံ မှာ Fan Meeting လုပ်မယ်လို့ သတင်း ထွက်လာပြီးနောက် ဧပြီလ ၆ ရက်နေ့
မှာ လက်မှတ် များကို ရောင်းချခဲ့ ရာ ၁ နာရီ အတွင်းမှာ ရောင်းရန် စီစဉ် ထားတဲ့
လက်မှတ် အားလုံး ရောင်းလို့ ကုန်သွား ပါတယ်။
ဂျပန် Tokyo, Osaka နဲ့ Fukuoka တို့မှာ ၃ နေရာခွဲ ပြီး လုပ်မှာ ဖြစ်ပြီး
တစ်နေရာ မှာ လက်မှတ် ၃၀၀၀ ရောင်းချခဲ့ ပါတယ်။ Tokyo မှာ April 18, Osaka မှာ April
20 နဲ့ Fukuoka မှာ April 23 တို့မှာ Fan Meeting တွေလုပ် မှာဖြစ် ပါတယ်။
နှစ်စဉ် ကျင်းပတဲ့ Korea Day ပွဲတော် တွေ မှာ မင်းသား Seo Do-young ဟာ အခြား
Korean Wave မင်းသား မင်းသမီး နဲ့ အတူ အမြဲ ပါဝင်ခဲ့ ပြီး၊ သူ့ပွဲ ကို တက် ချင်လို့
စုံစမ်း တဲ့သူ အလွန် များပြား ကြောင်း ပွဲစီစဉ် တဲ့ Korea National Tourism
Organization မှ အရာရှိ များ က ပြောကြား ပါတယ်။
မင်းသား နာမည် ရခဲ့တဲ့ Spring Waltz တီဗွီ ဇာစ်လမ်းတွဲ ဟာ ဂျပန် ပရိဿတ် အလွန်
ကြိုက်နှစ် သက်တဲ့ Winter Sonata ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ Yook Seok-ho ရဲ့
ဇာတ်လမ်း တွဲ ဖြစ်လို့ ဂျပန် တွေ အထူး စောင့်မျှော် နေတဲ့ ဇာတ်လမ်းတွဲ တစ်တွဲ ဖြစ်
ပါတယ်။
Links
Tickets to Seo Do-young's Fan Meeting Sold Out in 1 Hour
Tags:
korean actor |
korean news |
korea
Leave your comment