အွန်စောရဲ့အသွင်သစ်
Gisaeng သို့မဟုတ် kisaeng ဆိုတာ ကိုးရီးယား မှာ ဂျပန်က geisha မယ် တွေနဲ့ အလားတူ တဲ့
ဖျော်ဖြေရေး အမျိုးသမီး များ
(female entertainers) ဖြစ်ပါတယ်။
၁၆ ရာစု Chosun မင်းဆက်များ လက်ထက် က Hwang Jin-i လို့ အမည် ရှိတဲ့ kisaeng
ဖျော်ဖြေရေးမယ် တစ်ဦး ဟာ ကိုးရီးယား မှာ အလွန် နာမည် ကြီးခဲ့ ပါတယ်။ ဒီ အကြောင်း
ကို အပိုင်း ၂၄ ပိုင်း ပါတဲ့ TV Drama အနေနဲ့ မင်းသမီး Ha Ji-won ခေါင်းဆောင် ပြီး
လောလော ဆယ် ကိုးရီးယား မှာ ပြနေ ပါတယ်။
ဒီဇာတ်လမ်း ကိုပဲ မင်းသမီး Song Hye-kyo (အွန်စော) နဲ့ ပြီးခဲ့တဲ့ ဇွန်လိုင် လက
ရုပ်ရှင် အဖြစ် ထပ်ရိုက် ပါတယ်။ ဒါရိုက်တာ က Chang Yoon-hyun ဖြစ်ပြီး မင်းသား
ကတော့ Yoo Ji-tae နဲ့ ဖြစ် ပါတယ်။
Song Hye-gyo ဟာ သရုပ်ဆောင် သကိတမ်း တလျှောက် လုံး နုနုဖတ်ဖတ် အရုပ် လေးလို
ဇာတ်လမ်း တွေ ဘဲ ရိုက်ကူး ခဲ့ရ တော့ ကြမ်မဲ့ ရမ်းမဲ့ Love scene တွေပါ မှာ
သေချာတဲ့ "ဖျော်ဖြေရေးမယ်" အဖြစ် ဘယ်လို သရုပ်ဆောင် မယ် ဆိုတာ စိတ်ဝင်စါးစွာ စောင့်
ကြည့် လာခဲ့ ကြ ပါတယ်။
မကြာမှီက kisaeng မယ်အဖြစ် ဝတ်စါး ထားတဲ့ Song Hye-kyo ရဲ့ ရုပ်သေ ဓါတ်ပုံ
(still photos) များကို ထုတ်ပြန် ပေးခဲ့ ပါတယ်။ ဂုဏ်သရည် ရှိ အမျိုးသမီး ပုံ၊
မြှူဆွယ် မှု ပါတဲ့ kisaeng မယ်ပုံ၊ စါးသောက်ဆိုင် တစ်ဆိုင် မှာ အရက်မူးနေတဲ့
ယောက်ျား ဝတ်နဲ့ ပုံ၊ စတာ တွေဖြစ် ပါတယ်။
တစ်ပုံ မှာတော့ အတွင်းခံ skirt ပါးပါး အဖြူ ကိုဝတ် ထားတဲ့ Song Hye-kyo ကို
အနောက်ဖက် ကနေ မီထိုး ထားပြီး၊ မင်းသမီး ရဲ့ ခြေထောက် လေးတွေ ခပ်မှိန်မှိန် ပေါ်
နေအောင် ရိုက်ထာ တဲ့ပုံ ဖြစ် ပါတယ်။
သရုပ်ဆောင် သက်တမ်း တစ်လျှောက်လုံး ချစ်စဖွယ် (cute young girl) အဖြစ် သာတွေ့
လာခဲ့ရတဲ့ Song Hye-kyo ကို ဆွဲဆောင် မှု အပြည့် ရှိတဲ့ အရွယ်ရောက် အမျိုးသမီး
တစ်ဦး အဖြစ် ပြောင်းလဲ သွားတာ ကို တွေ့
လာရ ပါတယ်။
ရုပ်ရှင် ကို Gyeonggi ပြည်နယ် Paju အရပ်မှာ ဇွန်လိုင် က စတင် ပြီး ရက်ပေါင်း
၁၉၄ ရက် ကြာ ရိုက်ကူး ပြီးစီး ခဲ့ပြီး ဖြစ်လို့ လါမည့် ဇွန်လ ၆ ရက်နေ့ မှာ ရုံတင်
တော့မှာ ဖြစ် ပါတယ်။
ဓါတ်ပုံ ကြီးကြီး တွေ ကြည်ချင်ရင် တော့ ဒီနေရာ မှာ ကြည့်ပါ။ (link)
inks
Song Hye-gyo Sheds Cute Image for Gisaeng Role
About a kisaeng named Hwang Jin-i
Profile, pictures and video clips of Song Hye-gyo
Tags:
korean actress |
korean movie |
korean culture |
korean news
Leave your comment