ပြည်တော်ပြန်မင်းသမီး
ကမ္ဘာ့ ရုပ်သံ လောကမှာ US ရုပ်သံ ABC ကထုတ် လွှင့်တဲ့ LOST ဇာတ်လမ်း နဲ့
နာမည်ကြီး နေတဲ့ ကိုးရီးယား မင်းသမီး Kim Yun-jin ဟာ မကြာမှီ မှာ ကိုးရီးယား
ကိုပြန် လာပြီး SEVEN DAYS အမည်ရှိ တဲ့ ရုပ်ရှင် ကား တစ်ကား ရိုက်ကူး ရန်စီစဉ် နေ
ပါတယ်။
မနှစ်က လည်း ဒါရိုက်တာ Won Shin-yun ရိုက်တဲ့ A Bloody Aria တီဗွီ ဇာတ်လမ်းတွဲ
မှာ ရှေ့နေ တစ်ဦး အဖြစ် ပါဝင် သရုပ်ဆောင် ခဲ့ ပါတယ်။
Kim Yun-jin ဟာ ၁၉၉၆ ခုနှစ် မှာ တီဗွီ ဇာတ်လမ်းတွဲ တွေစရိုက် စဉ် ကတည်းက ပရိဿတ်
အတော် ရှိနေ ပါပြီး၊ အထူးသဖြစ် Shiri အမည်ရှိ လျှို့ဝှက်သဲဖို ဇာတ်လမ်းတွဲ မှာ
နာမည် အတော်ရခဲ့ ပါတယ်။
LOST ဇာတ်လမ်းတွဲ ရိုက်ပြီးတဲ့
နောက်မှာ တော့ ကမ္ဘာ ကျော်သွား ခဲ့ ပါတယ်။ ၂၀၀၅ ခုနှစ်က ရိုက်တဲ့ Bystanders အမည်ရှိ တဲ့ ရုပ်ရှင် ဟာ
ကိုရီယား မှာ သူ နောက်ဆုံး
ရိုက်ခဲ့ တဲ့ ရုပ်ရှင် ဖြစ်ပါတယ်။
အင်္ဂလိပ် ဘာသာ စကား အထူးကျွမ်းကျင် တဲ့ Kim Yun-jin ဟာ LOST စရိုက်စဉ် ကတည်းက US
မှာနေ ပါတယ်။
US က တီဗွီတွေ၊ မဂ္ဂဇင်း တွေ မှာဆက်တိုကိ ဖေါ်ပြ ခံခဲ့
ရပြီးတဲ့ နောက် မှာ အထူပင် နာမည် ကျော်လာ ခဲ့ ပါတယ်။
မနှစ်က People Magazine ရဲ့ web site မှာ Kim Yun-jin အကြောင်း သတင် တပုဒ်
post လုပ်စဉ် က တနေ့ကို 300,000 hits အထိရှိ ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ က ကမ္ဘာ ကျော် People Magazine နဲ့ တစ်ဦးချင်း အင်တာဗျူး (exclusive
interview) လုပ်ခဲ့ ပါတယ်။ ဒီလို နာမည်ကျော် မဂ္ဂဇင်း တစ်ခုရဲ့ အရေးတယူ မေမြန်း
ခံရတာ ဟာ အလွန် အောင်မြင်
သူတဦ ဖြစ်နေပြီး ဆိုတဲ့
သက်သေပဲ ဖြစ် ပါတယ်။
Links
Kim Yun-jin Cast in New Korean Film
Kim Yun-jin to Give Interview to People Magazine
Lost (TV_series).
hancinema.net-Korean movie Shiri


Tags:
korean actress |
korean news
Leave your comment