အမေမင်းသမီးကြီး
မင်းသမီး
မင်းသား ငယ်ငယ် လေးတွေ အကြောင်း ပဲ ရေးခဲ့ ရာက ဒီတခါ တော့ အမေခန်း တွေမှာ ခဏခဏ
ပါလေ့ ရှိ တဲ့ မင်းသမီးကြီး တစ်ယောက် အကြောင်း ရေလို ပါတယ်။
ဒီ မင်းသမီးကြီး ကတော့ Kim Hae-sook ဖြစ် ပါတယ်။ သူနဲ့ မြန်မာ ပရီဿတ်
ဟာ အင်မတန် ရင်နှီးပြီး သားပါ။
သူဟာ မတ်လ ၂၇ ရက်နေ့ က ဂျပန် နိုင်ငံ မှာပြုလုပ် တဲ့ JapanҒs Movie
Critics Association က ကျင်းပ တဲ့ ၁၆ ကြိမ်မြောက် Japanese Movie Critics Awards
မှာ International Cooperation ဆုကို ဆွပ်ခူး ရရှိ ခဲ့ ပါတယ်။
ဒီပွဲ ဟာ ဂျပန် ယဉ်ကျေးမှု ဝန်ကြီးဋ္ဌာန နဲ့ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန တို့က
sponsor လုပ်တဲ့ အရေးပါ တဲ့ ပွဲတစ်ပွဲ ဖြစ် ပါတယ်။
Kim Hae-sook ဟာ ဒီဆုကို ကိုးရီးယား နိုင်ငံသား တစ်ဦး အနေနဲ့ ပထမ ဆုံးရရှိ
ခဲ့သူ ဖြစ် ပါတယ်။ မင်းသမီးကြီး ရဲ့ အေးဂျင့် ရဲ့ အဆိုအရ ဒီဆုကို ပြပြီးခဲ့ တဲ့
နာမည်ကျော် ကိုးရီးယား ရုပ်ရှင် နဲ့ ဇာတ်လမ်းတွဲ တွေမှာ Kim Hae-sook အနေနဲ့
ပြောင်မြောက် စွာ ပါဝင် သရုပ်ဆောင် ခဲ့မှု အတွက် ချီးမြှင့် ခဲ့တာ ဖြစ်တယ် လို့ ဆို
ပါတယ်။
မကြာမှီ က ဂျပန် မှာ ပြသ သွားတဲ့ Won Bin ခေါင်းဆောင် တဲ့ My Brother
ရုပ်ရှင်ကား မှာ Kim Hae-sook ရဲ့သရုပ် ဆောင်မှု ကို ဂျပန်တွေ အထူ နှစ်ချိုက် ခဲ့
ပါတယ်။သူဟာ ဂျပန် မှာ ကြော်ငြာ မင်းသမီး အဖြစ် လည်း မကြာမှီက ရိုက်ကူ ခဲ့
ပါတယ်။(Kim is also one of the few middle-aged Korean celebrities to appear in a
Japanese TV commercial)
Links
Kim Hae-sook Wins at Japans Movie Critics Awards
Tags:
korean actress |
korean news
Leave your comment