Lee Da-hae ရဲ့ ဇာတ်လမ်းအသစ်
My Girl ဇာတ်လမ်း တွဲ မှာ နာမည်ကျော် ခဲ့တဲ့ မင်းသမီး Lee Da-hae ဟာ Hello Miss
အမည် ရှိတဲ့ အချစ် ဇာတ်မြူး တီဗွီ ဇာတ်လမ်းတွဲ အသစ် ကို စတင် ရိုက်ကူး နေပြီး ဖြစ်
ပါတယ်။
Lee Da-hae ကို ကြိုက်နှစ်သက် တဲ့ ပရိဿတ် အတွက် တော့ ဝမ်းသာစရာ သတင်းကြီး ပါဘဲ။
ကျွနိတော် ဆိုရင် Lee Da-hae
ရဲ့သရုပ် ဆောင်မှု ကို ကြိုက် လွန်းလို့ My Girl ကိုပြန် ကြည့်တာ ၅ ကြိမ် လောက် ရှိ သွာ။ပါပြီး။
ဇာတ်လမ်း တွဲ အသစ်အတွက် ပွဲထုတ်ပွဲ အခမ်းအနား ကို Imperial Palace
Hotel မှာ ခန်းနား သိုက်မြိုက် စွာကျင်းပ ခဲ့ ပါတယ်။ မင်းသမီးဟာ ၂၀၀၄ ခုနှစ် က MBC
ရုပ်သံ နဲ့ ၄င်း ၂၀၀၅ ခုနှစ် က SBS ရုပ်သံ နဲ့ ၄င်း ဇာတ်လမ်း တွဲ များ ရိုက်ခဲ့
ရာမှာ အောင်မြင် မှု များစွာ ရှိခဲ့ ပြီး
အခုတော့ KBS ရုပ်သံ ရဲ့ အလှည့်
ပဲ လို့
ပြော စမှတ် ပြုနေ ကြ ပါတယ်။
ဒီဇာတ် လမ်းတွဲ ဟာ Five Kimchi
Dumplings ဆိုတဲ့ လူငယ် ကြိုက် ဝထ္ထု တစ်ပုဒ် ကို Hello Miss အမည်နဲ့ ဗွီဒီယို
ဇာတ်လမ်းတွဲ
အဖြစ် ဖန်တည်း ထားတာ ဖြစ်ပါတယ်။
ရှေုရိုး အစဉ်အလာ ကို ထိမ်းသိမ်း တဲ့ မိသားစု ရဲ့ နောက်ဆုံး အသက် ရှင် ကျန်ရှိ တဲ့ သမီးပျို အဖြစ် Lee Da-hae
ဟာ ရိုးရာ ဝတ်စုံ
နဲ့ ရိုးရိုး လေး သရုပ် ဆောင် မှာဖြစ် ပါတယ်။
ရှေုရိုး
သမီးပျို လေးရဲ့ ဘဝထဲ ကို အလွန်ချမ်း သာတဲ့ သူဋ္ဌေးသား Hwang Dong-gyu
(အဆိုတော် မင်းသား Lee Ji-hoon) ရောက်ရှိ လာပါတယ်။
သူတို့ နှစ်ဦး အကြား အဟောင်း အသစ် လွန်ဆွဲ ပွဲ ကို
နောက်ခံထား ပြီး ဇာတ်လမ်း ဆင်ထား တဲ့ ဟာသ အချစ် ဇာတ်လမ်း တွဲ ဖြစ် ပါတယ်။
ဒါရိုက်တာ Lee Min-hong ကတော့ သူ့မင်းသမီး ကို သူ အင်မတန် သဘောကျ နေ ပါတယ်။ Lee Da-hae
ဟာ ညကြီးသန်းခေါင် မှာတောင် သူ့ထံ ဖုန်းဆက်ပြီး နောက်တနေ့ ရိုက်ကွက် တွေအတွက်
စိတ်ပူစွာ နဲ့ ဆွေးနွေး တယ်လို့ သူက ပြော ပါတယ်။
အသက် ၂၃ နှစ်ရှိ ပြီးဖြစ်တဲ့
မင်းသမီးက "ကျွန်မဟာ အမြဲတန်း
ကြီးပဲ အောင်မြင်
နေမယ် လို့ မျှော်လင့် မယ်ဆို ရင် လောဘကြီး လွန်းရာ ကျနေ ပါမယ်၊
သို့ပေမဲ့ ဒီတစ်ခါ
တော့ ကံကောင်း ပါစေလို့ ဘဲ ဆုတောင်း နေ ပါတယ်" လို့ပြော သွား ပါတယ်။
ဘောလုံးပွဲ တခု တွင် မင်းသမီးမှ ကွင်းဖွင့် ပွဲ ပြုလုပ် ပေး နေစဉ်။
A video clip of Lee Da-hae
Links
Lee Da-hae returns to romantic comedies
Photos of Lee Da-hae at an opening of a football match
Her pictures and profile here
Tags:
korean actress |
korean drama |
korean news
Leave your comment