မမနဲ့မောင်လေး
အပျိုကြီး မမ တွေ စိတ်မလျှော့ ကြနဲ့နော်။ "မမထားနဲ့အပါ" အတွဲး တွေခေတ် စားနေပြီး
လို့ဆိုနေ ကြ ပါတယ်။(ဒီမှာမဟုတ်ဖူ-ကိုးရီးယားမှာနော်)
မမနဲ့မောင်လေး တွေ အကြောင်းတွေ ကို ဇာတ်လမ်း တွဲတွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေ
ကနေ အကြီးအကျယ် ဖေါ်ပြနေ ကြ ပါတယ်။
အပြင်မှာ တကယ် ဖြစ် နေတဲ့ trends တွေကို အနုပညာ က
ထင်ဟပ် ပြနေတာ ဖြစ် ပါတယ်။
ရုပ်ရှင် တွေဖြစ်တဲ့ Our Happy Time ဇာတ်လမ်းတွဲ တွေဖြစ်တဲ့ Famous Princesses,
My Name Is Kim Sam-Soon, Dalja's Spring, Yeouya Mohani စတာ တွေမှာ မမနဲ့မောင်လေး story တွေ တင်စား ထား
ပါတယ်။
Yeouya Mohani ဇာတ်လမ်းတွဲ မှာဆိုရင် မောင်လေး ဟာ မမထက် ၉ နှစ် ငယ် ပါတယ်။ Dalja's
Spring မှာတော့ ၃၃ နှစ်ရှိ တဲ့ မမနဲ့ သူ့ထက် ၉ နှစိငယ် တဲ့ မောင် လေး တို့ရဲ့
ဇာတ်လမ်း ဖြစ် ပါတယ်။
ထင်ရှားတဲ့ telecom ကြော်ငြာ တစ်ခု မှာ ငယ်ရွယ်တဲ့ Rain နဲ့ သူ့ထက် အသက်ကြီး တဲ့
မင်းသမီး Lee Na-young တို့ဟာ တွေ့ပြီး ကြိုက် ကြတာကို နောက်ခံ ထားပြီး ရိုက်ထာ
ပါတယ်။
စစ်တမ်း တွေကောက် ကြည့်တဲ့ အခါမှာ၊ မမတွေ ကို ကြိုက်တဲ့ မောင်လေး တွေ
ဦးရေ ဟာ ၁၀
နှစ်လောက် က ၈.၇%
ရှိနေ ရာကနေ ၁၉၉၉ ခုနှစ်မှာ ၁၀% ဖြစ်လာပြီး၊ ၂၀၀၆ ခုနှစ်မှာ ၁၂.၂% ဖြစ်လာ
တယ်လို့ ဆို ပါတယ်။
လူ ၃၀၀၀ ကို စစ်တမ်း ကောက်ကြည့် တဲ့အခါမှာ၊ မောင်လေး ၆၇% က မမ တွေနဲ့ date
လုပ်ဖူး တယ်လို့ ဆို ပါတယ်။ မမ ၄၃% က ၁နှစ် ၂နှစ် ငယ်တဲ့ မောင်လေး တွေကို ကြိုက်ကြ
ပြီး၊ မောင်လေး ၇% က ၃နှစ် ကနေ ၅နှစ် ကြီးတဲ့ မမ တွေ ကို လက်ခံနိုင်တယ် လို့ ဆိုကြ
ပါတယ်။
အပျိုကြီး တွေ အားမလျှော့ ကြနဲ့နော်။
Links
Older woman-younger man couple boom
Tags:
korean news |
korean habits |
korea culture
Leave your comment