Jeon Do-yeon လက်ထပ်ပြီး
ကိုးရီးယား
ရုပ်ရှင် လောက ၏ ပေါ်ပြူ အဖြစ် ဆုံး မင်းသမီး များထဲ တွင် ပါဝင် သူ တစ်ဦး
ဖြစ် သော
မင်းသမီး Jeon Do-yeon(34) သည် သူ့ထက် ၉ နှစ် ကြီးသော Kang Si-gyu ဆိုသူ
လုပ်ငန်းရှင် တဦး နှင် Seoul မြို့ Shilla ဟိုတယ် တွင် မကြာမှီ
က လက်ထပ်
လိုက် ပါသည်။
၎င်းတို့
နှစ်ဦး သည် လွန်ခဲ့ သော နိုဝင်ဘာ လက ဆုံတွေ့
ခဲ့ကြပြီး၊ မိသားစုဝင်
၁၀၀ ခန့် တက်ရောက် သော သီးသန့် အခန်းအနား (private ceremony) ကျင်းပ ပြီး
လက်ထပ်
ခဲ့ခြင်းဖြစ် ပါသည်။ ၄င်းပွဲ သို့ နာမည် ကျော် မိတ်ဆွေ များထဲ မှ မင်းသား
Lee Se-chang
တစ်ဦးသာ တက်ရောက် ခဲ့ ပါသည်။
သတိုးသား
Kang Si-gyu(34) သည် နာမည်ကြီး လုပ်ငန်းကြီး တစ်ခု မှ
အရာရှိ ကြီး
တစ်ဦး ဖြစ်ပြီး အမေရိကန် နိုင်ငံ George Washington University မှ MBA
ဘွဲ့ရ ခဲ့သူ
ဖြစ် ပါသည်။ မင်းသမီး ၏ ဆန္ဒ အရ အကျဉ်းရုန်း လက်ထပ် ပွဲ ကိုပြုလုပ်
ခဲ့ခြင်း ဖြစ်
ကြောင်း သိရှိခဲ့ ရပါ သည်။
Jeon Do-yeon သည် The Contact (1997) နှင့် Happy End (1999)
စသော ရုပ်ရှင် တို့
ဖြင့် နာမည် ရခဲ့ပြီး၊ ၄င်း နောက်ပိုင်း တွင် Untold Scandal (2003) နှင့် You
Are My
Sunshine (2005) စသော ရုပ်ရှင် များဖြင့် ဆက်လက် နာမည် ရခဲ့ ပါသည်။
နာမည်
ကြီးခဲ့သော တီဗွီ ဇာတ်လမ် တွဲ
တခု မှာ Lovers in Prague(2005) ဖြစ်ပြီး၊ အခြား ပါဝင်ခဲ့ သော တီဗွီ ဇာတ် လမ်းတွဲ
များ မှာ Shooting of
Stars(2002), Snail(1998), A Sunny Place of the Young(1995) နဲ့ Our
Heaven(1993) တို့ဖြစ်
ပါသည်။
ကျင်စဦး
ဇနီးမောင်နှံ နှစ်ဦး သည် United States သို့ ၁၀ ရက်ကြာ
ဟန်းနီးမွန်း
ထွက် ပြီးနောက် Seoul မြို့ တောင်ပိုင်း Chongdam-dong အရပ်တွင် နေထိုင်
ကြမည်
ဖြစ်ပါသည်။
မင်းသမီး
Jeon Do-yeon တို့ ဇနီးမောင်နှံ နှစ်ဦး အိုအောင်
မင်းအောင် ပေါင်းသင်း
နှိုင် ကြ ပါစေ။
နာမည်ကျော် Lovers in Prague မှ ဇာတ်ဝင် ခန်းတခန်း
Links
Korean Actress Jeon Do-yeon Gets Married
Profile of Jeon Do-yeon
Video Clips of Jeon Do-yeon
Photos Clips of Jeon Do-yeon
Tags:
korean actress |
korean drama |
korean movie |
korean news
Leave your comment