ဧကရာဇ်ဘုရင်ကြီး Jumong
လွန်ခဲ့တဲ့
နှစ်ပေါင်း ၂၀၀၀ ကျော်၊ ခရစ်တော် မပေါ်မှီ ၃၇ နှစ် (BC 37) လောက်က ကိုးရီးယား
နိုင်ငံ မြောက် ပိုင်း မှာ Goguryeo လို့ အမည်ရှိတဲ့ နိုင်ငံကြီး တနိုင်ငံ ပေါ်ပေါက်
ခဲ့ ပါတယ်။ ဒီနိုင်ငံကြီး ကိုတည် ထောင်ခဲ့ သူကတော့ Jumong (58 BC-19 BC) လို့
အမည်ရှိ တဲ့ ကိုးရီးယား ဘုရင်ကြီး တစ်ပါး ဖြစ် ပါတယ်။
Goguryeo
ဟာ လက်ရှိ ကိုးရီးယား တောင် မြောက် နှစ်နိုင်ငံ ပေါင်းထက် သုံးဆ လောက် ကြီးပါတယ်။
Goguryeo နိုင်ငံတော် ဟာ နှစ်ပေါင်း ၇၀၅ နှစ် ကျေုာ် သက်တမ်းရှည် ကြာခဲ့ ပြီး
Jumong မင်းဆက် ပေါင် ၂၈ ဆက် တိတိ အုပ်စိုး သွားခဲ့ ပါတယ်။
ယခု ခေတ် မှာ Jumong မင်းကြီး ရဲ့ မျိုးဆက် တွေကို 'Go' နဲ့စတဲ့ Jumong
မင်းကြီးရဲ့ မျိုးဆက် အမည်နဲ့ ခေါ်တွင် နေကြ ဆဲ ဖြစ် ပါတယ်။
Jumong ဘုရင်ကြီး ရဲ့ မှတ်တမ်း တွေကတော့ များများ စားစား မကျန်ခဲ့ ပါဘူး။ ပါးစပ်
ရာဇဝင်(Legends) တွေကတော့ ရှေးခေတ် သူရဲကောင် များရဲ့ ထုံစံ အတိုင်း အများအပြား
ကျန်ခဲ့ ပါတယ်။
ဒီသူရဲကောင်း ဘုရင်
ကြီး ရဲ့အကြောင်း ကို MBC ရုပ်သံ ကနေ Jumong လို့ အမည်ရှိ
အခန်းဆက် ပေါင်း ၈၁ ခန်း ရှိတဲ့ တီဗွီ ဇာတ်လမ်း တွဲကြီး အဖြစ် နဲ့ May 15,
2006 မှ စတင် ပြသခဲ့ တာ March 6, 2007(ဒီလဆန်း) မှာ episode 81 နောက်ဆုံး အခန်းဆက်
ကို ပြသ သွားခဲ့ ပါတယ်။
Jumong ဇာတ်လမ်း တွဲ ဟာ ၂၀၀၀ ခုနှစ် မှ ၂၀၀၇ ခုနှစ် အတွင် ပြသ ခဲ့တဲ့ ကိုးရီးယား
တီဗွီ ဇာတ် လမ်းတွဲ တွေ ထဲမှာ တတိယ လူကြိုက် အများဆုံး ဇာတ်လမ်း တွဲဖြစ် ပါတယ်။
ဲJumong ဘုရင်ကြီး အဖြစ် မင်းသား Song Il Kook နဲ့ မိဘုရားကြီး So-suh-no အဖြစ်
မင်းသမီး Han Hye Jin တို့ မှ သရုပ် ဆောင် သွားကြ ပါတယ်။
ဒါရိုက်တာ ကတော့ Lee Ju-Hwan နဲ့ Kim Geun-Hong တို့ ဖြစ်ကြ ပါတယ်။ မင်းသား Song Il-gook ကို
Broadcasting Producer Association of Korea က ဒီနှစ် ရဲ့ အကောင်းဆုံး တီဗွီ
သရုပ်ဆောင် ဆု နဲ့ ချီးမြှင့် ခဲ့ ပါတယ်။
Jumong ဇာတ် လမ်း တွဲမှာ ပါတဲ့ တရုတ်ပြည် နဲ့ ပါတ်သက် တဲ့ အကြောင်း အရာတွေ ကို
တရုတ် အစိုးရ ကန့်ကွက် ထား ပါတယ်။ Han ခေါ် ရှေး တရုတ် လူမျိုး များရဲ့ ရက်စက်မှု
တွေကို ပုံကြီးချဲ့ လွန်းတယ်၊ ရာဇဝင် ကို ပြင်ရေး ဖို့ ကြိုးစား နေတယ် လို့ ဝေဖန်
ခဲ့ ပါတယ်။
ဟောင်ကောင် မှာ Jumong ဇာတ်လမ်း တွဲ ပြတဲ့ အခါ၊ sub titles စါတမ်း တွေကို တရုတ်
လူမျိုး များ လက်ခံ နိုင်အောင် ပြင်ရေး ပြီး ပြသ ခဲ့ရ ပါတယ်။
Jumong ဘုရင်ကြီး အဖြစ် မင်းသား
Song Il Kook မှ သရုပ်ဆောင် သည်။
So-suh-no မိဘုရား ကြီး အဖြစ်
မင်းသမီး Han Hye Jin သရုပ်ဆောင် သည်။
Themes Song of Jumong
Links
TV Drama Jumong
Jumong (MBC)
Three Kingdoms of Korea
Dongmyeongseong of Goguryeo (King Jumong)
'Go' Royal Family
History of Korea
Korean Historical Soaps Upset China
Video clips of Jumong TV Drama
Pictures from Jumong TV Drama
Tags:
korean actor
korean actress
korean drama
korean history
korean news
Leave your comment