Harisu ရဲ့လက်ထပ်ပွဲ
ယောက်ျား ကနေ မိန်းမ ခန္တာကိုယ် ဖြစ် အောင် ခွဲစိပ် ပြောင်းလဲ ထား တဲ့ နာမည်ကျော်
transgender အဆိုတော် Harisu ဟာ သူ့ boy friend နဲ့ မကြာခင် မှာ လက်ထပ် ဖို့
ရက်သတ်မှတ် လိုက်ပြီး ဖြစ် ပါတယ်။
သူဟာ ၄င်းထက် ၆နှစ် ငယ်တဲ့ Rap အဆိုတော် Micky Jung နဲ့ Seoul မြို့ CentralCity
မှာ လာမဲ့ မေလ ၁၉ ရက်နေ့ မှာ လက်ထပ် မှာဖြစ် ပါတယ်။
နှစ်ဖက် မိဘ များဟာ ဒီဇင်ဘာလ နဲ့ ဇန်နဝါရီ လ တို့မှာ တွေ့ ဆုံပြီး လက်ထပ်
ပွဲအတွက် ညှိနှိုင်း ခဲ့ကြ ပါတယ်။ မည်သူက ဦးစီး ပေးမယ်၊ ဘယ်ကို ဟန်နီးမွန်း
ထွက်မယ် ဆိုတာ တွေ ကိုတော့ မသတ်မှတ် ရ သေဘူး လို့ ဆို ပါတယ်။ နေထိုင် တော့ Harisu
ရဲ့ မိဘ များ နဲ့ အတူ နေကြ မှာပါ။
ကျွန်မ ရဲ့ ခင်ပွန်းလောင်း ကို ခလေး တော့ ယူလို့ ရမှာ မဟုတ် ဘူး လို့ ပြောတော့ Micky
Jung က ခလေး မွေးစား ကြတာ ပေါ့ လို့ ပြေား ကြောင်း Harisu က သတင်း ထောက် များ ရဲ့
အမေး ကို ဖြေကြား ခဲ့ ပါတယ်။
ပထမ တော့ ယောက်ျားလေး မိဘ များနဲ့ တွေ့ ရန် ကြောက် နေခဲ့ ကြ ပါတယ်။ တကယ် ကြတော့
နွေးထွေး စွာကြို ဆို ခံခဲ့ ရပြီး အစစ အဆင်ပြေခဲ့ ပါတယ်။
Micky Jung ကတော့ ခလေး ၄ ယောက် မွေးစား မယ်လို့ ပြော ပါတယ်။ ထူးထူးဆန်းဆန်း အတွဲ
ရဲ့ လက်ထပ် ပွဲ မို့ အားလုံးက စိတ်ဝင် တစား စောင့်ကြည့် နေကြ ပါတယ်။ နောက်ထပ်
သတင်းထူး ရင် လည်း ဖေါ်ပြ သွား ပေး ပါမယ်။
Harisu's Interview
Links
Transgender Star to Tie the Knot in May
Transgender Star's Boyfriend Comes Out
Transgender Star to Marry New Boyfriend
Photos of Harisu
Video clips of Harisu (87 nos)
Tags:
transgender |
korean news |
korean singer |
korea
Leave your comment