ယူကြပြီး-ကွဲသွားကြပြီး
နာမည်ကြီး
မင်းသမီး၊ မင်သား တွေကို လူတွေ က မျက်စေ့ ဒေါက်ထောက် ကြည့်နေ ကြ ပါတယ်။ သူတို့
တွဲကြတာ၊ ယူကြတာ၊ ကွဲကြတာ၊ နောက်ထပ် အိမ်ထောင် ပြန်ပြု ကြတာ တွေကို မှန်ဘီလူး နဲ့
ပုံကြီးချဲ့ သလို ကြည့်နေ ကြ ပါတယ်။
မင်းသမီး Lee Min-young နဲ့
မင်းသား Lee Chan တို့ဟာ ယူပြီး ၁၂ ရက် အကြာ မှာ ကွဲကြ ပါတယ်။ နာမည် ကြီး LG Twins outfielder Seo Yong-bin နဲ့ မင်းသား Yoo Hye-jeon တို့ဟာ ယူပြီး မကြာ
ခင်(ဒီ အ ပါတ် ထဲ) မှာဘဲ ကွဲကြ ပြန် ပါပြီး၊
Chosun Ilbo သတင်း စာက ဒီအကွဲအပြဲ တွေ ကို လျှပ်တပျက် စာရင်း
ကောက် ယူ လေ့လာ ခဲ့ ပါတယ်။ အောက်ဖေါ်ပြ ပါ တို့ မှာ နာမည် ကြီး တွေ ရဲ့ အိမ်ထောင်
သက် တွေ ဖြစ် ပါတယ်။
ဟောလီးဝုဒ်
မင်းသမီး Britney Spears နဲ့ Jason Alexander အိမ်ထောင် သက် ၅၅ နာရီ။
မင်းသမီး Britney Spears နဲ့ Kevin Federline အိမ်ထောင် သက် ၂ နှစ်။(ဒုတိယ အကြိမ်)
မင်းသမီး Robin Givens နဲ့ Svetozar Marinkovic ၁ ရက်။
မင်းသမီး Zsa Zsa Gabor နဲ့ မင်းသား Felipe de Alba ၂၄ နာရီ ပင် မကြာခဲ့ ပါ၊
မင်းသမီး Drew Barrymore နဲ့ လုပ်ငန်းရှင် Jeremy Thomas ၁ လ။
မင်းသမီး Drew Barrymore နဲ့ Michael Thomas Green ၅ လ။(ဒုတိယ အကြိမ်)
မင်းသမီး Jennifer Lopez နဲ့ မန်နေဂျာ Ojani Noa ၁ နှစ်။
မင်းသမီး Jennifer Lopez နဲ့ အကပညာရှင် Chris Judd ၈ လ။
Elvis Presley ရဲ့ သမီး
Lisa Marie Presley နဲ့ အဆိုတော် Michael Jackson ၂၀ လ။
Lisa Marie Presley နဲ့ မင်းသား Nicolas Cage ၃ နှစ်ခွဲ။(ဒုတိယ အကြိမ်)
ကိုးရီးယား
မင်းသမီး Chae Rim (ဂျင်စန်းမီ) နဲ့ အဆိုတော် Lee Seung-hwan ၃ နှစ်ခွဲ။
မင်းသမီး Lee Min-young နဲ့ မင်းသား Lee Chan ၁၂ ရက်။
အဆိုတော် Lee Seung-chul နဲ့ မင်းသမီး Kang Mun-young ၂ နှစ်။
အဆိုတော် Kang Su-sie နဲ့ သူ့ ခင်ပွန်း ၅ နှစ်။
မင်းသမီး Goh Hyun-jeong နဲ့ သူ့ ခင်ပွန်း ၈ နှစ်။(ချမ်ပီယံ ဆု ပေးရ
ပါမယ်)
မင်းသမီး မင်းသား တွေရဲ့ ကွာရှင်း
နှုံးဟာ သာမန် ပြည်သူ တွေရဲ့ နှုံး နဲ့ မကွာ လှပါဘူး၊ နာမည် ကြီးတွေ
ဖြစ် နေတော့ ပေါ်လွင်
နေခြင်း သာဖြစ် ပါတယ်။
Links
The Chosun Ilbo Chart of Quickie Divorces
The newly divorced couple Chae Rim and Li Cheng Huan
Stars' Marriage Ends in Tears After 12 Days

Tags:
korean actor |
korean actress |
korean news |
korea
Leave your comment