အန္တရာယ်ကင်းငါမင်း
အစွဲးအလမ်း
ဆိုတာ လူမျိုး တိုင်းမှာရှိကြ ပါတယ်။ ကိုးရီးယား တွေလည်း အယူသီး တဲ့နေရာ မှာ
ကျွန်တော် တို့လို ပါဘဲ။ တခါက နိုင်ငံခြားသား ယောက် ဟာ သူငယ် ချင်း တစ်ဦးရဲ့
ပြုပြင် ပြီးစ အိမ် ကို သွားလည် ပါတယ်။ ဒီအိမ် ဟာ အလွန် ခေတ်မှီ စွာ ပြုပြင် ထား
ပါတယ်။
သူဟာ အိမ်ထောင့် တစ်နေရာ မှာ ငါးအချို့ ကို ကြိုးအဖြူ နဲ့ သီပြီး မျက်နှာ ကျက်က
နေ ဆွဲထား တာကို တွေ့ ရတော့ အလွနှ် အံ့သြ သွား ပါတယ်။ အမြင် မတော် ဆင်တော် နဲ့
ခလောက် ဖြစ်နေ တယ်လေ။
ဘာလို့ များလဲ လို့ စုံစမ်းကြည့် ပါတယ်။ ကိုးရီးယား တွေဟာ ရှေးခေတ် ကထဲက
အင်္ဂလိပ် လို pollack လို့ခေါ် ပြီး ကိုးရီးယား လို myeongtae လို့ ခေါ်တဲ့
ငါးတစ်မျိုး ကို ရှိခိုး ကိုးကွယ် တဲ့ အလေ့အထ ရှိခဲ့ ပါတယ်။ ဒီအလေ့အထ ဟာ အရှေ့ဘက်
Gangwon ပြည်နယ် ကမ်းခြေ ကနေ စတင်ခဲ့ တာ ဖြစ် ပါတယ်။
နှစ်စဉ် ဖေဖဝါရီ လမှာ pollack ငါးပွဲတော် ကို Goseong ဆိုတဲ့ ဒေသမှာ ကျင်းပတယ်
လို့ ဆို ပါတယ်။
Pollack ငါးဟာ ငါးနတ်ဘုရား ကို ကိုယ်စား ပြုပြီး အန္တရာယ် အပေါင်း ကို ကာကွယ်
ပေးနိုင် တယ် လို့ ယုံကြည်ကြ ပါတယ်။
ဘုရားကျောင်းတွေ မှာ သစ်သား ငါ။ရုပ်တွေ ကို ဆွဲထား လေ့ရှိ ကြ ပါတယ်။ အိမ်တွေ မှာ
အရေးကြီးတဲ့ သေတ္တာတွေ၊ အခမ်းတွေ ကို ငါးရုပ် ပုံ လုပ်ထားတဲ့ သော့ဂလောက် တွေ နဲ့
ခတ်လေ့ ရှိကြ ပါတယ်။
တခါတလေ ကားအသစ် တွေ စီးတဲ့ အခါ၊
ကားထဲမှာ ငါးတွေ ချိတ်ထား တာတွေ့ ရင် အထိတ်တလန့်
မဖြစ်ကြ ပါနဲ့၊ အန္တရာယ် ကင်းဘေ.ရှင်း လုပ်လား ခြင်းသာ ဖြစ် ပါတယ်။
Links
Fish god keeps vigil for home owners
Tags:
korean culture |
korea
Leave your comment