အဆိုတော် မင်းသမီး လေး Jang Nara
အဆိုတော် မင်းသမီးလေး Jang Nara ရဲ့ ဒုတိယ မြောက် ထုတ်ဝေတဲ့ သီချင်း album ဟာ ၂
ပါတ် အတွင်းမှာ အခွေ ရေအတွက် ၂၀၀,၀၀၀(နှစ်သိန်း ကျော်) ရောင်းချ ရတယ် လို့ သိရှိ
ရပါတယ်။
လက်ရှိ ကာလမှာ ၁၀၀,၀၀၀ ရောင်းရရင် တောင် ကောင်းလှပြီး လို့ ယူဆ နေကြတဲ့ အခြေအနေ
မှာ ဒီမဖြစ် ဟာ Big Hit လို့ ခေါ်ရ ပါမယ်။ ဒါ ၂ ပါတ် ထဲရဲ့ ရောင်း အားပါ။
သူ့ရဲ့ ပထမ album ဟာ ကော်ပီ ၁,၂၀၀,၀၀၀ (တစ်သန်းနှစ်သိန်း) ရောင်းခဲ့ရ ပါတယ်။
သူ့ပရိသတ် ဟာ ဆယ်ကျော်သက် ကနေ လူလပ် ပိုင်း အထိ ရှိ နေ တာဖြစ်လို့ ဒီလောက် ရောင်း
နေရတာ လို့ ကောက်ချက် ချကြ ပါတယ်။
သီချင်ဆိုရုံ တင် မက ပါဘူး၊ ကိုးရီးယား မှာရော တရုတ် ပြည် မှာပါ တီဗွီ နဲ့
ရုပ်ရှင် တွေ ဆက်တိုက် ရိုက်တိုက် ရိုက်နေ ရ ပါတယ်။ သူဟာ သီချင်း ဆိုလိုက်၊
ဗွီဒီယို ရိုက် လိုက်၊ တရုတ် နဲ့ ကိုးရီးယား ကြား ချောင်း ပေါက် အောင် လွန်းထိုး
လိုက် လုပ် နေ ပါတယ်။ ဘေးကကြည့် တဲ့သူ တောင် မျက်စေ့နောက် ပြီး ရူးချင် စိတ် ပေါက်
သွား နိုင် ပါတယ်။
မကြာ မှီက မင်းသား ကြီး Jackie Chan ဟာ သူ့ရဲ့ ကျော်ကြားလှ တဲ့ Jackie Chan and
His Friends လို့ အမည် ရှိတဲ့
အလှူ show ပွဲသို့ Jang Nara ကို ဖိတ်ခေါ် ခဲ့ ပါတယ်။ Nanjing မှာပြုလုပ် တဲ့ ဒီပွဲ ကို ပရိသတာ ၆၀၀၀၀ (ခြောက်သောင်း ကျော်) အားပေး ခဲ့
ပါတယ်။
အဆိုတော် မင်းသမီး လေး Jang Nara ဆက်လက် တိုးတက် အောင်မြင် ပါစေ လို့ ဆုမွန်
ကောင်း တောင်းပေး အပ် ပါတယ်။
Video clip of
Jang Nara I'm a woman.
Links
Jang Nara's 2nd Album a 'Big Hit'
Picture and Profiles of Jang Nara
Tags :
korean actress |
korean news |
korea
Leave your comment