မင်းသား တွေရဲ့ ဘော်ဒီ် ဆရာ
နာမည်ကြီး မင်းသားတွေ ဖြစ်တဲ့ Cha In-pyo, Kwon Sang-woo, Rain နဲ့ Bae
Yong-joon တို့ရဲ့ ဘော်ဒီ တွေဟာ ဗလ ပြိုင်းပြိုင်း နဲ့ မလှဘူးလား လို့ မေးရင်၊
ခင်ဗျားက လည်းဗျာ၊ အဆန်း လုပ်နေ ပြန်ပြီး၊ မင်းသား ပါဆို နေမှ သူများ ထက်သာလို့
မင်းသား ဖြစ်လာတာ ပေါ့ လို့ ပြောကြ ပါလိမ့် မယ်။
ဒါပေမဲ့ မင်းသား ဆိုတာ ကောင်းသည် ထက် ကောင်းအောင် လုပ်နေ နိုင်မှ အရှည် သဖြင့်
အောင်မြင်မှု ခိုင်မြဲ မှာဖြစ် ပါတယ်။ မင်းသား တွေဟာ
fitness trainer လို့ ခေါ်တဲ့
coach တွေထံ မှာ နည်းနာ
ယူပြီး ဘော်ဒီ လှအောင် လေ့ကျင့်ခဏ်း တွေ ယူကြ ပါတယ်။
ဘော်ဒီပြင် ဆရာ တွေလို့ ခေါ်ရမယ် ထင် ပါတယ်။
Lim Jong-pil(29) လို့အမည် ရှိတဲ့ ဘော်ဒီပြင် ဆရာ ကတော့ အထက်မှာ ဖေါ်ပြခဲ့ တဲ့
မင်းသားတွေ ဖြစ်တဲ့ Cha In-pyo, Kwon Sang-woo, Rain နဲ့ Bae Yong-joon တို့ အပြင်
တခြား မင်းသား တော်တော် များများ ရဲ့ ဘောဒီပြင် နည်းပြ ဆရာ ဖြစ် ခဲ့ ပါတယ်။
များမကြာ မှီကအထိ ကိုးရီးယား မှာ မင်းသား တွေဟာ ပုဂ္ဂလိက fitness trainer
တွေထားတဲ့ အလေ့အထ မရှိကြ သေးပါဘူး။ အများနည်းတူ ပဲ body fitness center တွေသွား
ပြီး အဲဒီမှာ ရှိတဲ့ ကြုံ တဲ့ ဆရာတွေ ရဲ့ သင်ကြား မှု
တွေ နဲ့ဘဲ လေ့ကျင့် ကြတာ ဖြစ်
ပါတယ်။
Lim Jong-pil ဟာ မူလက Apkujong ရပ်ကွက် မှာတည်ရှိ တဲ့ fitness center ကြီးမှာ
အလုပ်လုပ် တဲ့ နည်းပြ ဆရာ တဦး ဖြစ် ပါတယ်။ သူရဲ့ စေတနာ ပါတဲ့ သင်ကြား မှုတွေ
ကြောင့် မင်းသား အတော် များများ ဟာ သူ့ ထံချဉ်းကပ် ပြီး ဆရာတင် လေ့ကျင့် လာကြ
ပါတယ်။ မကြာခင် သူ့ အလုပ်ချိန် တစ်နေ့ ရှစ်နာရီ ဟာ မင်းသား တွေနဲ့ပဲ မအားနိုင်အောင်
ဖြစ်လာ ပါတယ်။
မကြာသေး ခင်က သူဟာ Design Your Body လို့ အမည်ရှိ တဲ့ ဘော်ဒီ အလှပြင် နည်း
စာအုပ် ကိုထုတ်ဝေ ခဲ့ ပါတယ်။ နောက်ထပ် လည်းထပ် ရေးရန် အစီအစဉ် ရှိသေး တယ်လို့ သိရ
ပါတယ်။
သူဟာ ယခုအချိန် မှာ ကိုးရီးယား ရဲ့ ဈေး အကြီးတုံး မင်းသား Bae Yong-joon ရဲ့
personal trainer ဖြစ်ပါတယ်။ ယခင်က ကိုးရီးယား အနုပညာ လောက မှာ personal trainer
ဆိုတာ အလေ့အထ မရှိခဲ့ ပါဘူး။ သူဟာ ပထမ ဦးဆုံး သော personal trainer ဖြစ် ပါတယ်။
Link
Some item about the trainer
Keeping Celebrities Fit (2005/05/18)
Tags:
korean actor |
korean news |
korea
Leave your comment