ခြိမ်းခြောက်ခံနေရတဲ့မင်းသား
နာမည်ကျော် hallyu မင်းသား Kwon Sang-woo ကို ခြိမ်းခြောက် မှုနဲ့ လူဆိုး ဂိုဏ်း
ခေါင်း ဆောင် နှစ်ဦး ကို ကိုးရီးယား ရဲအဖွဲ့ က အမှုဖွင့် စစ်ဆေး နေ ပါတယ်။
တစ်မှုက ဂျပန် မှာ ပရိသတ် နဲ့တွေ့ ဆုံပွဲ [fan meet party] မလုပ်ပေး ရင်
မင်းသားရဲ့ အိမ်ကို သွေးချောင်းစီး အောင် လုပ်ပစ် မယ်လို့ ခြိမ်းခြောက် မှုနဲ့
ဂိုဏ်းခေါင်းဆောင် ဟောင်း Kim Tae-chon(59) ကို အရေးယူ ထားတာ ဖြစ် ပါတယ်၊
တယ်လီဖုန်း နဲ့ ခြိမ်းခြောက် တာကို မင်းသား က အသံသွင်း ထားပြီး ရဲကို တိုင်တမ်း ခဲ့
ပါတယ်။
နောက်ထပ် အရေးယူ ထားတဲ့ တစ်ယောက် ကတော့ မင်းသား ရဲ့ မန်နေဂျာ ဟောင်း Baek Chang-joo
(28) ဖြစ် ပါတယိ။ သူကတော့ မင်းသား ကသူ့ကို မန်နေဂျာ ပြန်မခန့် ရင်၊ မင်းသားရဲ့ လူသိ
မခံလို တဲ့ ကိစ္စ တွေကို ဖေါ်ထုတ်ပစ် မယ် လို့ ခြိမ်းခြောက် ခဲ့ပါတယ်။
ယခင်က သူဟာ
Kwon Sang-woo ရဲ့ မန်နေဂျာ အဖြစ် ၂၀၀၃ ခုနှစ် နဲ့ ၂၀၀၄ ခုနှစ် တွေ မှာ ၂နှစ်
လုပ်ခဲ့ဖူ ပါတယ်။ Baek Chang-joo ဟာ ယခင်က လူဆိုး ဂိုဏ်း အဖွဲ့ဝင် လည်း ဖြစ်ခဲ့ ဖူး
ပါတယ်။ ဘာလျှို့ဝှက်ချက် လည်း တော့မသိ ဘူး။ သိချင်လိုက် တာနော်။
Kwon Sang-woo ဟာ model အဖြစ် စတင်ခဲ့ ပြီး၊ Stairway to Heaven ဆိုတဲ့ TV Drama
နဲ့ နာမည် စကြီးလာခဲ့ ပြီး၊ ၂၀၀၃ မှာ My Tutor Friend နဲ့ ၂၀၀၄ မှာ Love So Divine
တို့နဲ့ ဆက်လက် ထင်ပေါ် ခဲ့ပြီး၊ လျှမ်းလျှမ်းတောက် မင်းသား တစ်လက် ဖြစ်လာ ခဲ့
ပါတယ်။
Links
Korean Wave Stars Under Threat
Ex-Gangsters Indicted for Blackmailing Movie Star
Pictures of Kwon Sang-woo
Video clips of Kwon Sang-woo
Tags:
korean actor |
korean news |
korea
Leave your comment