မြောက်ကိုးရီးယားရဲ့ဒုက္ခ
မြောက်ကိုးရီးယား
နဲ့ တောင်ကိုးရီးယား
တို့ဟာ အကြိတ်အနယ် ပြိုင်နေကြတဲ့ ပြိုင်ဘက် ကြီးတွေ ဖြစ်ကြ ပါတယ်။
တဖက် ကလည်း ကွန်မြူနစ် စနစ် သာလျှင် အမှန်ဖြစ် တယ်၊ နောက် တစ်ဖက် ကလည်း အရင်းရှင်
လမ်းကြောင်း သာ အမှန် ဆိုပြီး စစ်တွေ တိုက်လိုက် ကြတာ နှစ်ဖက် စလုံး သန်းချီ သေကြ
ပါတယ်။
နောက် တော့ စစ်ရပ်စဲပြီး ကိုယ့်လမ်း နဲ့ ကိုယ် ချီတက် လာကြတာ အနှစ် ၅၀ လောက်
ရှိခဲ့ ပါပြီ။ ဘေးကကြည့် ရတာတော့ တောင်ကိုးရီးယား က နိုင်နေ တယ် ထင်ရ ပါတယ်။
တခြားတော့ မသိပါ၊ တီဗွီ နဲ့ ရုပ်ရှင် နဲ့ ပါတ်သက် ပြီး တော့ မြောက်ကိုးရီးယား
အာဏာပိုင် တွေဟာ မတော် ဦးဏှောက် ခြောက် နေကြ ပါတယ်။
မြောက်ကိုးရီးယား ကနေ ထွက်ပြေး လာသူတို့ ရဲ့ အဆိုအရ မြောက် ကိုးရီးယား လူငယ်တွေ
ကြားမှာ တောင်ပိုင် က တီဗွီ နဲ့ ရုပ်ရှင် တွေဟာ တအားကို ခေတ်စား နေတယ်လို့ သိရ
ပါတယ်။
လောလောဆယ်၊ မြောက် ပိုင်းမှာ Worry about yourself, Sympathy for Lady
Vengeance နဲ့ Autumn Fairy Tale တို့ဟာ အထူး ခေတ်စား နေတယ် လို့ ဆို ပါတယ်။

ခိုးသွင်းခွေ တွေ မကြည့်လိုက် ရဘဲ လွတ်သွား ရင်ကိုဘဲ လူငယ် အချင်းချင်း လူတော
မတိုး အောင် ဖြစ်နေ တယ်လို့ ဆို ပါတယ်။ သီချင်း တွေလည်း မလားတူ ဘဲ လို့ သိရ ပါတယ်။
မြောက်ပိုင် အစိုးရ အတွက်တော့ ဒါဟာ အတော့ကို ဖြေရှင်း ရခက်တဲ့ ကိစ္စ ဖြစ် နေ
ပါတယ်။
Link
Korean Wave Swamps N.Korean Authorities
Tags:
korean news |
korean movie |
korean drama |
korean music |
korea
Leave your comment