အခွန်အပေးရဆုံးမင်းသား
မင်းသား
Bae Yong-joon ဟာ ၂၀၀၆ ခုနှစ် က အခွန်ငွေ ဝမ် ၉.၇ billion ထမ်းဆောင် ခဲ့ရ ပါတယ်။
၂၀၀၅ ခုနှစ် မှာ ရှိခဲ့ တဲ့ သူ့ဝင် ငွေ ဝမ် ၃၂.၉ billion ပေါ် ကနေ ကောက်ခံ တဲ့ အခွန်
ငွေဖြစ် ပါတယ်။
သူ့ ဝင်ငွေ ဟာ ကိုးရီးယား သရုပ်ဆောင် တွေထဲ မှာ အမြင့် ဆုံးဖြစ် တယ်လို့ ဆို ပါတယ်။
Bae ရဲ့ အဓိက ဈေးကွက် ဟာ ဂျပန် ဖြစ်လေ တော့၊ သူ့ဝင်ငွေ ၉၀% ဟာ ဂျပန် ကလာ ပါတယ်။
ဂျပန် တွေက သူ့ကို ချစ်စနိုး နဲ့ Yonsama လို့ခေါ် ကြ ပါတယ်။
ထူးဆန်း တာက ဝင်ငွေတွေ ဟာ တီဗွီဇာတ်လမ်း၊ ရုပ်ရှင် နဲ့ ကြော်ငြာ တို့က ရတာ မဟုတ်ပဲ
သူ့ ရုပ်ပုံ၊ ဓါတ်ပုံ စတာ တို့ ပါတဲ့ ပစ္စည်း တွေက ရတာ ဖြစ် နေ ပါတယ်။
မနှစ် က တီဗွီ နဲ့ ရုပ်ရှင် လုံးဝ မရိုက် ပေမဲ့၊ ဝင်ငွေ ဝမ် ၁၄.၈ billion ရခဲ့
ပါတယ်။ အားလုံး ဟာ ကြော်ငြာ နဲ့ royalties ကနေ ရခဲ့ တာပါ။ (royalty = percentage of
profit from a book, public performance, patent, etc. paid to the author etc.)
Bae ဟာ ကိုးရီးယား MBC က ဒီနှစ် မေလ ပြမည့် ရာဇဝင် တီဗွီ ဇာတ်လမ်း တွဲ The Four
Guardian Gods of the King Taewangsasingi ရိုက် တော့ မှာ ဖြစ် ပါတယ်။
ဒီ ဇာတ်လမ်းတွဲ ပြတဲ့ အချိန် မှာ Cheju ကျွန်း ရိုက်ကွင်း (outdoor settings)
တွေကို ပြပြီး ငွေရှာ ရန် package tour တွေလည်း စီစဉ် နေကြ ပါတယ်။
ထို့အပြင် Bae Yong-joon ရဲ့ဈေးကွက် ကို တရုတ်ပြည်
သို့ ပိုမို တိုးချဲ့ နိုင်ရန် စီစဉ်
နေကြောင်း လည်း သိရှိ ရ ပါတယ်။
Links
Actor Bae Pays Highest Income Tax in Local Show Business
Profile, photos, video clips, web sites and articles written in English etc -- of Bae Yong-joon
Tags:
korean actor |
korean news |
korea
Leave your comment