Rain ရဲ့ မလေးရှား ရှိုးပွဲ
မလေးရှား
နိုင်ငံ ကွာလန်လန်ပူ မှာ ဇန်နဝါရီ လ ၂၇ ရက်နေ့ က Rain ရဲ့ stage show ကို ပရိသတ်
၁၀,၀၀၀ ရှေ့ မှာ အောင်မြင် စွာ ကျင်းပခဲ့ ပါတယ်။
High-tech visual effects တေ၊ွ မီးရှူးမီးပန်း တွေ၊ မိုးတု(artificial rain)
စတဲ့ special effect တွေကို မြိုင်မြိုင် ဆိုင်ဆိုင်
တင်ဆက် ခဲ့တဲ့ အပြင်၊ Rain ကလည်း
အားရပါးရ ကို သီဆို ဖျော်ဖြေ သွားတယ် လို့ သိရ ပါတယ်။
ခလေး မျက်နှာ လေးနဲ့ Rain က ပြုံးပြ လိုက်တိုင်၊ ပရိသတ် ဟာ ဝက်ဝက်
ကွဲအောင် အော်ဟစ် ကြတယ် လို့ဆို ပါတယ်။ အပြီးသတ် မှာ မိုးတု (artificial rain)
ရွာပေး ပြီး Rain ရဲ့ ကိုယ်မှာ အဝတ်အစား တွေ အသားကပ် ပြီး လှပတဲ့ ပုံပေါ် လာတော့
ပရိသတ် ဟာ နှစ်ထောင်း အားရ အော်ဟစ်ကြ တယ် လို့ဆို ပါတယ်။
မလေးရှား မတိုင်ခင် က ဟောင်ကောင် မှာ ရှိုးပွဲ လုပ်ခဲ့ ပါသေးတယ်၊
ဒီတုံး က Rain ဟာ stage ကြမ်းပြင် က အပေါက်ကြီးထဲ ကို ပြုတ်ကျ ခဲ့ပါ တယ်၊
နောက်မှ အပေါ်ကို ကုတ်ကပ် ပြန် တက်လာ ခဲ့ ပါတယ်။ ဘာ မှတော့ အထိအခိုက် မရှိ
ခဲ့ပါဘူး။
Rain ဟာ စင်ကာပူ မှာ ဇန်နဝါရီ လ ၁၂ ရက်၊ မလေးရှားမှာ ဇန်နဝါရီ လ ၂၇ ရက်၊ တွေမှာ
ဖျော်ဖြေ ခဲ့ ပါတယ်။ Hanoi, Vietnam မှာ မတ်လ ၁၀ ရက်နဲ့ ၁၁ ရက်၊ နဲ့ Shanghai မှာ
အေပြီ ၁၄ ရက်နေ့ တို့မှာ ဖြေဖျော် မှာဖြစ် ပါတယ်။
၎င်းအပြင် Taipei, Taiwan; Los Angeles; New York; and Toronto တို့ မှာလည်း
ဆက်တိုက် ဖျော်ဖြေ သွား ဦးမှာ ဖြစ် ပါတယ်။ ပွဲတွေ အားလုံးပြီးရင် 100 billion won
(roughly $108 million) ဝင်ငွေ ရှိမယ် လို့ ခန့်မှန်း ထားကြ ပါတယ်။
မလေးရှား ပွဲကို HotLink က host လုပ်ပေး ပြီး Korean Air က sponsore လုပ် ပေးခဲ့
တယ်လို့ သိရ ပါတယ်။
Rain concert (27/01/2007 - Malaysia)
Links
Rain Gives Concert in Malaysia
Rain Falls During Concert in Hong Kong
Profile, photos, video clips, web sites and articles written in English etc -- of Rain
Tags:
korean actor
korean news
korea singer
Leave your comment