တအားဟော့ဖြစ်နေတဲ့ရုပ်ရှင်
လာပြန်ပြီးလား
ဒီ 200 Pound Beauty အကြောင်း၊ ခင်ဗျားမှာ တခြား ရေးစရာ မရှိတော့ ဘူးလား လို့
အပြစ် တင် မစောလိုက် ပါနဲ့၊ သတင်း ဆိုတာ HOT ဖြစ်နေ
စဉ်မှာ
ပူပူ နွေးနွေး ရေးသင့် လို့ပါ။
ဒီ movie က ကိုးရီးယား မှာ တအားကို hot ဖြစ် နေ ပါတယ်။ လွန်ခဲ့တဲ့ ရက် အနည်းငယ်
က "ပြရက် ၂၀ နဲ့ လက်မှတ် ၄ သန်း ရောင်း ရပြီး" လို့ ဖေါ်ပြ ခဲ့ ပါတယ်။
အခု ၄၂ ရက် မှာ လက်မှတ် ၅.၈၃ သန်း ရောင်းခဲ့ရပြီး၊ ကိုးရီးယား တစ်နိုင်ငံ လုံး
ရုံပေါင်း ၂၅၀ မှာ တပြိုင်နက် ပြနေ ပါတယ်။ ၂၀၀၀ ခုနှစ် စံချိန်တင် ခဲ့တဲ့ "Joint
Security Area" ရဲ့ စံချိန် က်ု ချိုး လိုက်ပြီး ဖြစ် ပါတယ်။ နောက်စံချိန် ဖြစ်တဲ့ "My
Boss, My Hero" ရဲ့ ရုံဝင် ၆.၁၂ သန်း ကို မကြာမှီ ချိုးလိမ်မယ် လို့ တစ်ပေး နေကြ
ပါတယ်။ လောလော ဆယ် ကြည့်သူ တနေ့ ကို ကြည့်သူ
၅၀,၀၀၀ ကျော် ရှိနေ ပါတယ်။
ကုန်ကျ စရိတ် ဝမ် ၂.၃ သန်း ရှိခဲ့ ပြီး၊ အမြတ်ငွေ ဝမ် ၁၅ ဘီလီယန်
ရနေပြီး ဖြစ် ပါတယ်။ သီချင်းရောင်း တာက ဝမ် ၂ ဘီလီယန် ရခဲ့ ပြီးဖြစ် ပါတယ်။
(US$1=W935)
ဇာတ်ကား ရဲ့ ဒါရိုက်တာ Kim Yong-hwa ကို JoongAng Ilbo စာစောင် မှ
အင်တာဗျူး ခဲ့ ပါတယ်။ သူ့အဆို အရ၊ ဟာသ ဇာတ်ကား ရဲ့ ဖေါ်မြူလာ မှာ ပထမ နာကျင်မှု
ကြောင့် အငို နဲ့ စရမယ်၊ နောက်ပြီး အပြုံးနဲ့ ဆုံး ပေးရ မယ် "a teardrop and a
smile" လို့ ပြော ပါတယ်။ တပြိုင်နက် မှာ ရိုးရိုး ရှင်းရှင်း လေ ရှိ ပါစေ လို့လည်း
ပြော သွား ပါတယိ။
200 Pound Beauty ဇာတ်လမ်း ဟာ ဂျပန် ရုပ်ပြ စာအုပ် (comic story) ကို ဆီလျှော်
အောင် ပြုပြင် ထား တဲ့ ဇာတ်လမ်း ဖြစ် ပါတယ်။
မင်းသမီး Kim Ah-jung အတွက် ဒီကား ဟာ သူ့ရဲ့ ပထမ ဆုံး ခေါင်းဆောင်း မင်းသမီး
လုပ် ရတဲ့ ရုပ်ရှင် ကား ဖြစ် ပါတယ်။
Links
'200 Pound Beauty' Enters Top 10 Hit List
Interview with Kim Yong-hwa the director of '200Pounds Beauty'
200 Pounds Beauty [hancinema.net-movie]
Tags:
korean actress |
korean director |
korean movie |
korean news
Leave your comment