မင်းသမီးပိန်ပိန်နဲ့မင်းသမီးဝဝ

ပထမ
ဇာတ်ကား နာမည် က 'I'm a Cyborg, but It's Ok' မင်းသား က နာမည် အကြီးဆုံး Rain
မင်းသမီး ကလည်း အထိုက်အလျှောက် နာမည် ရှိ ပြီးသား Lim Soo-jung။ ဒီကား အတွက်
မင်းသမီး ကို နာမည်ကျော် ဒါရိုက်တာ Park Chan-wook ရဲ့ အစီအစဉ် နဲ့ ၃၉ ကီလို ပဲ
ရှိအောင် တနေ့ ကို အာလူးစိမ်း အနည်းငယ် နဲ့ ပန်းသီး တစ်လုံး ဘဲ စားပြီး လ အနည်းငယ်
ကြာအောင် ဝိတ်ချ (weight reduce) ခဲ့ ပါတယ်။
ဒီကား ရုံမတင် မှီ media လောက မှာ နာမည်ကြီး အောင် "hypes" လို့ခေါ် တဲ့ ဘေးတီး
ပေးတဲ့ အလုပ် ကို အကြီးအကျယ် လုပ်ခဲ့ ပါတယ်။ (hype=extravagant or intensive
promotion of a product).
ဒါပေမဲ့ တကယ် ရုံတင် လိုက်တော့ ဒီကား က ထင်သလောက် မစွံ ဘူးဖြစ် သွား ပါတယ်။
နာမည် ကြီးမင်းသား Rain ပါတာ တောင် မကယ် နိုင် ခဲ့ ပါဘူး။ ("I'm a Cyborg, But
That's OK", flopped at the box office even though the high-profile film starred
top-rated stars such as Jung Ji-hoon who is also known as Rain.)
ဒုတိယ ဇာတ်ကား နာမည် က "200 Pound Beauty" ဖြစ်ပြီး မင်းသမီး
Kim Ah-jung က သူ့ရဲ့ ပထမ ဆုံး
ရိုက်ရ တဲ့ ရုပ်ရှင် ကားပါ။ မင်းသား ကလည်း Rain လောက် ထငိရှား ခြင်း မရှိတဲ့ Kim
Hyun-suk ဆိုတဲ့ သူပါ။ ဒီကားမှာ မင်းသမီး လေးကို ပေါင် ၂၀၀ လေးတဲ့ ဝတုတ်ပြဲ ကြီး
အဖြစ် ၄ နာရီ ကြာအောင် မိတ်ကပ် တွေ လိမ်း၊ အခုအခံ တွေ တပ် ပြီး ရိုက်ခဲ့ တာပါ။
ဘေးတီး(hypes) လည်း ပထမ ကားလောက် မလုပ် ခဲ့ ပါဘူ။
ဒီကားက ရုံတင်တော့ ပြရက်၂၀ ထဲနဲ့ အားပေး သူ ၄သန်း (4 millions) ရှိခဲ့ ပါတယ်။
အခုလည်း ပြလို့ အရှိန် ကောင်း နေတုံး ပါဘဲ။
ဒါဟာ သင်ခမ်းစာ ယူစရာ တစ်ခု ပါ၊ ကောင်းတယ် မကောင်းဘူး ဆိုတာ ပရိသတ် က ဆုံးဖြတ်
တာပါ။ အနုပညာ သမား အားလုံး သတိပြု အပ်တဲ့ အချက် ပါဘဲ။
Links
Cyborg not doing well
HE'S A CYBORG BUT IT'S NOT OKAY
Propelled to the Top by 200 Pounds

Tags:
korean movie |
korean news |
korea
Leave your comment