Kimchi လုပ်နည်း
ကျွန်တော် kimchi မလုပ် တတ်ပါ၊ သို့သော် Greg ဆိုသော ပုဂ္ဂိုလ် ၏ website တွင်
ဓါတ်ပုံ များဖြင့် ဖေါ်ပြ ထားသော kimchi လုပ်နည်း မှာ အချက် အပြုတ်
တတ် ပြီးသား
မြန်မာ အမျိုးသမီး များအတွက် အခက်အခဲ မရှိ နိုင်ဟု ထင် ပါသဖြင့် ဘာသာ ပြန်ပြီး
ဖေါ်ပြ အပ် ပါသည်။
website [http://www.lemis.com/grog/recipes/kimchi.html]
သို့ သွားရောက် ၍လည်း တိုက်ဆိုင် ကြည့်ရှု သင့် ပါသည်။
1: Salting(ဆားရည်စိမ်ခြင်း)
လတ်ဆတ် သော မုံညင်းဖြူ တစ်ဖူး ကိုယူပါ။ အပြင်ဘက် ဆုံး အရွက် ၆ ရွက်ခန့် ကိုခွာ ထုတ်ပြီး
သီးခြား ဖယ် လားပါ။ ကျန်သည့် မုံညင်း အတွင်း ပိုင်းကို အရှည် လိုက် ၆ စိတ်စိတ် ပါ။
အညှာများ ကို လှီးပြီး တရွက်စီ ဖြစ်အောင် နွှင်ပါ။ လှီးထား သော အညှာကို လွှင်
ပစ်ပါ။

အကယ်၍ မုံညင်း ရွက်များ ရေစို နေ ပါက ရေများ ကို ခါပစ်ပြီး ဗန်းထဲတွင် ဖြန့်ခင်း
ပြီး ခြောက်သည့် အထိ နာရီ အနည်းငယ် ကြာအောင် ထားပါ။
ပုံတွင် ပြထားသည့် အတိုင်း ဆားခင်း ထားသော ခွက်ထဲ တွင် မုံညင်း အတွင်း သားအရွက်
များ ကို ဖြန့်ခင်း ပါ။ အပေါ် မှ ဆားထပ် ဖြူးပါ၊ ပြီးလျှင် နောက် တလွှာ ထပ်ခင်း ပြီး
ဆားထပ် ဖြူးပါ။

ဆားဖြူး မုံညင်းရွက် ခင်းခြင်း ကို အရွက် များကုန် သည်အထိ ဆောင်ရွက်ပါ။ အပေါ်
ဆုံးတွင် ယခင် က ဖယ်ထား သော အပေါ်ဆုံး ၆ ရွက်ကို ဆားဖြူး ပြီး ဆက်ခင်း ပါ။
ပြီးလျှင် ပုံတွင် ပြထား သည့် အတိုင်း လေးလံသည့် ပစ္စည်း တခုခု ဖြင့် ၁ ရက် ခန့်
တုံးဖိ ထား ပေးပါ။

မုံညင်းရွက် များ အတွင်း သဘာဝ အတိုင်း ရှိပြီးသား ရေနှင့် ဆားခဲ များထိတွေ့ ပြီး
သူ့ ဆားရည် နှင့်သူ နူနပ် လာပါ လိမ့်မည်။
ဆားရည်များ အများအပြား ထွက်လာ ပါမည်။ အထက်အောက် မကြာ မကြာ လှန် ပေးပြီး သမ အောင်
လုပ် ပေးပါ။ အရွက် အားလုံး ဆားရည် ထိတွေ့ မှု ရှိ စေရန် ဂရုစိုက် ပါ။

အထက် ပါအတိုင်း ဆားရည် နှင့်နှပ် ခြင်း ကို ၅ ရက်မှ ၇ ရက် ဆောင်ရွက်ပြီး နောက်
မုံညင်း ရွက်များ ကို အရည် စစ်ထား ပါ။
ပြီးလျှင် ရေသန့်သန့် ဖြင့် အခြား ခွက်တခွက် တွင် ပြောင်းပြီး ရေစိမ်ပါ။
ဤလုပ်ငန်း မှာ ရေစိမ် ပြီး ဆားငန် ဓါတ်ကို ပြန် လျှော့ပစ်ခြင်း ဖြစ် ပါသည်။
ရေစိမ်ခြင်း ရေသစ် လဲလှယ် ခြင်း ကို ၁၂ နာရီ မှ ၁၈ နာရီ ခန့် ဆောင်ရွက် ပေးပါ။ ဤ
လုပ်ငန်း အဆင့် သည် အရေးကြီး ပါသည်။ နောက်ဆုံး ရရှိ လာမည့် kimchi ၏ အပေါ့ အလေး မှာ
ဤ ဆားဓါတ် ပြန်ထုတ် သော လုပ်ငန်း ပေါ်တွင် တည် ပါသည်။
မကြာမကြာ မုံညင်း အနည်းငယ် ဖဲ့ပြီး အနေတေါ် အငန် ရှိမရှိ မြီးကြည့်ပါ။
2: Marinating (နှပ်ခြင်း)
Marinate ကို dictionary ၌ preserve, pickle, cure, keep, store, soak စသည်ဖြင့်
ဖေါ်ပြ ထား ပါသည်။
ရေ၊ ငြုပ်သီးမှုန့်၊ ကြက်သွန်ဖြု၊ ဂျင်း
နှင့် ပုဇွန် သို့မဟုတ် ငါး ငန်ပြာရည် စသည်တို့ ကို သင့်တော် မည့် အချိုး
အစား (အတိ အကျ မပြော တတ်ပါ၊ စမ်းသပ် ကြည့်ပါ) ရောပြီး blender တွင်ညက် အောင်
မွှေ့ပါ။ ရရှိ လာသော ခပ် ပျစ်ပျစ် အနှစ်များ ကို ခေတ္တ ဖယ် ထားပါ။


ခွက်တခွက် တွင် အနှစ် နည်းနည်း ထည့်ပါ။ အပေါ်မှ မုံညင်းရွက် အနည်းငယ် ခင်းပါ။ အနှစ်ထပ်
ဆမ်းပါ။

ပြီးလျှင် အရွက် ကုန်သည် အထိ အရွက်ခင်း အနှစ်ဆမ်း သည့် အလုပ် ကို ဆောင် ရွက်ပါ။
(အပေါ်မှ နောက်ပိုင်း တွင် အနှစ်အုပ် နိုင်ရန် အတွက် အနှစ် လုံလုံ လောက်လောက်
ချန်ထား ရန် မမေ့ ပါနှင့်)

ရရှိ လာသော မုံညင်း အထပ်လိုက် ကို အပေါ်မှ လက်နှင့် ဖိပြီး အနှစ်ပို များကို
ညှစ်ထုတ် ပါ။ ပြီးလျှင် ကန့်လန့် ၂ ချက် အရှည် လိုက် ၁ ချက် ၆ ပိုင်းပိုင်း ပါ။

အားလုံး ၏ အပေါ်မှ ယခင် ဖယ်ထား သော အနှစ် များကို မြုပ်အောင် လောင်းပြီး ဖုံး
အုပ်ပါ။

ရေခဲ သေတ္တာ (fridge) ထဲတွင် ၁ ပတ် ခန့် နှပ် ထားပြီး နောက် စားသုံးရန် အဆင်သင့်
ဖြစ်ပြီး ဖြစ် ပါသည်။
Links
Greg's Kimchi
Kimchi [wikipedia.org]
History of Kimchi
Type of Kimchi
Tags:
korean food |
kimchi |
korean culture |
korea
Leave your comment