ပေါင်၂၀၀ လေးတဲ့ မင်းသမီး ရဲ့ အောင်ပွဲ
စလင်း
ဘောဒီ မင်းသမီး ချောလေး
Kim Ah-jung ကို ပေါင်၂၀၀ လေးတဲ့ ဝတုတ်ပြဲ ကြီး ဖြစ်အောင် လုပ်ပြီး
ရိုက်ထား တဲ့
"200 Pound Beauty" အမည် ရှိ ရုပ်ရှင် ကား အကြောင်း ကို ဒီ website
မှာ မကြာ မှီက ဆောင်းပါး တပုဒ်
ရေးခဲ့ ပြီးဖြစ် ပါတယ်။(Link )
ဒီကား ဟာ ဒီဇင်ဘာ ၁၄ ရက် က ရုံတင်ခဲ့ရာ မှာ ပြရက်၂၀ ထဲနဲ့ အားပေး သူ ၄သန်း (4
millions) ရှိ သွားပြီး ဖြစ် ပါတယ်။ ဟောလီးဝုဒ် ရဲ့ blockbuster ကား တကား ဖြစ်တဲ့
နာမည် ကြီး Night at the MuseumӔ နဲ့ တချိန် တည်း အပြိုင် ပြခဲ့ တဲ့ တခု တည်းသော
ကိုးရီးယား ရုပ်ရှင် ကား ဖြစ် ပါတယ်။
တနေ့ ကို ရုံဝင် ၈၀,၀၀၀ ကနေ ၉၀,၀၀၀
ရှိ နေလို့ ယခင် mega-hit ဇာတ်ကား များဖြစ် ကြတဲ့
My Boss", "My TeacherӔ ရဲ့ စံချိန် 6.12 million ကို မကြာမှီ ကျော်တက် သွား
လိမ်မယ် လို့ တစ်ပေး နေကြ ပါတယ်။
မင်းသမီး Kim Ah-jung ကိုယ်တိုင် သီဆို ခဲ့တဲ့ ဒီ ဇာတ်ကား ရဲ့ ဇာတ်ဝင် သီချင်း
"Maria" ဟာ အလွန် မှ ပေါ်ပြူလာ ဖြစ်နေ ပြီး အကြိမ်ပေါင်း ၁၇၀,၀၀၀ လောက် download
လုပ်ခဲ့ ကြ ပြီးဖြစ် ပါတယ်။
ကျမရဲ့
ပထမ ဆုံး ခေါင်းဆောင် မင်းသမီး လုပ်ရတဲ့ ကား ဖြစ်လို့ စိတ်လည်း လှုပ်ရှား ခဲ့ပြီး
အရေးကြီး တဲ့ မှတ်သား ဖွယ်ရာ ကီစ္စ လည်း ဖြစ်ခဲ့ ရ ပါတယ် လို့ Seoul က Plaza ဟိုတယ်
မှာ ဒီကား ရုံ မတင်မှီ က ပြု လုပ် တဲ့ သတင်းစာ ရှင်းလင် ပွဲမှာ မင်းသမီး Kim Ah-jung က ပြောသွား ပါတယ်။
မင်းသမီး
လေးကို ပေါင် ၂၀၀ လေးတဲ့ ဝတုတ်ပြဲ ကြီး အဖြစ် ၄ နာရီ ကြာအောင် မိတ်ကပ် တွေ လိမ်း၊
အခုအခံ တွေ တပ် ပြီး တဲ့ နောက် မှာ မင်းသမီး ဟာ လမ်းတောင် ကောင်းကောင် မ လျှောက်
နှိင် တော့ ဘူး လို့ဆို ပါတယ်။
အဲ ဒါတွေ တတ်ဆင် ပြီး နွေရာ သီဆိုတော့ ပူတဲ့ အိုက် တဲ့ ကြား က
ပြုံးပြုံး လေး အိုက်တင် ပေးရ တာ ကျွန်မ မှာ အင်အား နှစ်ဆ ကုန် ပါတယ် လို့လည်း ပြော
သွား ပါတယ်။
ကျူရှင် ဆရာတွေ နဲ့ အဆိုရော အက ပါ သင်ကြား ခဲ့တဲ့ အပြင် ဇာတ်ဝင် သီချင်း အား
လုံး ကို မင်သမီး Kim Ah-jung ကိုယ်တိုင် သီဆို ခဲ့ ပါတယ်။
ယခု
အချိန်မှာ မင်းသမီး Kim Ah-jung ဟာ
ဒီကား ရဲ့ မင်းသား Kim Hyun-suk
ဒါရိုက်တာ Kim Yong-hwa တို့နဲ့ အတူ ကိုးရီးယား တပြည် လုံး
လှည့်လို့
သူ့ ဇာတ်ကား ကို ကြော်ငြာ promotion လိုက်လုပ်
နေ ပါတယ်။
Clips from '200 Pound Beauty with Themes Song'
Links List
Propelled to the Top by 200 Pounds
First Heavyђ Role for Slim Actress Kim Ah-jung
One of the new face Kim Ah-jung
Sexiest girl on screen
Kim Ah-jung's pictures
50 Most Beautiful People of Korea, chosen by PeopleAsia
Tags:
korean actor |
korean actress |
korean news |
korean movie |
korean singer |
korea
Leave your comment