ဂွမ်းထုပ်ကြော်ငြာတဲ့မင်းသား
Lee
Jun-ki ကို အများ သိကြ ပါတယ်၊ နာမည်ကျော် "My Girl ဇာတ်လမ်း တွဲမှာ ဒုတိယ
မင်သားလုပ် တဲ့ နားသံသီး လေးနဲ့
ကောင်မလေး ပုံစံ မင်းသား လေးပါ။
အနုပညာ လေားက ကို ၂၀၀၁ ခုနှစ် ကတည်း က ခြေချ ခဲ့ ပေမဲ့ ၂၀၀၅ ခုနှစ်
အထိ မထင်မရှား ပါပဲ။ The King and the Clown ဆိုတဲ့ ရုပ်ရှင် မှာ ပါဝင်
သရုပ်ဆောင် ပြီးတဲ့ နောက်မှာ တော့ ကိုးရီးယား တခွင် မသိသူ မရှိ အောင် ကျော်ကြား
သွားခဲ့ ပါတယ်။
တကယ်တော့ The King and the Clown ဟာ budget movie လို့ခေါ် ကြတဲ့
ပေါချောင်ကောင်း ရုပ်ရှင် တကား သာဖြစ် ပါတယ်။ သို့သော်
မထင် မှတ်ပဲ ပေါက်သွား ပြီး ကြည့်သူ ၁၂ သန် ကျော်ခဲ့
လို့ ကိုးရီးယား မှာ လူကြည့် အများဆုံး ကားတွေ ထဲမှာ တစ်ကား အပါအဝင် ဖြစ်ခဲ့ ပါတယ်။
(ရိုက်ကူး စရိတ် UD$ 4.5 million ဖြစ်ပြီး ဝင်ငွေ ကိုးရီးယား တနိုင်ငံ တည်းတင် US$
85 million ရရှိ ခဲ့လို့ ဝက်ဝက် ကွဲအောင် မြတ်ခဲ့ ပါတယ်။)
The King and the Clown ဟာ 43rd Daejong Awards ဆုကြီး ၁၅ဆု အနက် ၇ဆု
ကို တစ်ကား ထဲ သိမ်းကြုံး ဆွတ်ခူး ခဲ့ ပါတယ်။ Lee Jun-ki ကတော့ အောက်ပါ ဆုများ ကို
ဆွတ်ခူး ခဲ့ ပါတယ်။
2006 Baek Sang Best New Comer Male
2006 Baek Sang Popularity Award
2006 Baek Sang In style Fashion Award
2006 Netizen Best New Comer Male
2006 Max Movie Best Actor (King and the Clown)
Lee Jun-ki ဟာ The King and the Clown မှာ ဘုရင့် ရဲ့ သဘာဝ လွန် ဆန္ဒ တွေကို
ဖြည့်ဆည်း ပေးရတဲ့ မိန်းမလျား လေး အဖြစ် ပြောင်မြောက် စွာ သရုပ် ဆောင်ခဲ့ ပါတယ်။
ထို့နောက် "My Girl" ဇာတ်လမ်း တွဲ မှာပါဝင် ပြီး တဲ့နောက် မှာတော့
နာမည် ပိုလို့ ကြီးသွား ပါတယ်။ "My Girl" မှာ Lee Jun-ki အပြင် မင်းသမီး လေး Lee
Da-hae ဟာလည်း နေ့ချင်း ညချင်း နာမည် ကျော် ခဲ့ ပါတယ်။
ကိုးရီးယား နိုင်ငံတော် ရုပိသံ ဋ္ဌာန ဖြစ်တဲ့ Arirang TV ဟာ
၂၀၀၆ ခုနှစ် ဒီဇင်ဘလ မှာ နိုင်ငံ ပေါင်း ၄၆ နိုင်ငံ က လူပေါင်း ၇၇၅ ဦးကို စစ်တမ်း
ကောက်ယူ ရာမှာ တတိယ အကြိုက်ဆုံး မင်းသား အဖြစ် Lee Jun-ki အရွေးချယ် ခံ ခဲ့ရ
ပါတယ်။
ဟဲဟဲ -- ဂွမ်းထုပ် ကြော်ငြာ ကတော့ များမကြာမှီ ကမှ ရိုက်တာပါ။
"Clips of Lee Jun-ki from youtube.com"
Links
Lee Jun Ki Becomes Pantyliner Spokes-model
Pictures and Profile of Lee Jun-ki
http://en.wikipedia.org/wiki/The_King_and_the_Clown
A review of The King and the Clown
hancinema.net (My Girl - TV Drama)
Most Popular Actors & actresses - [Arirang TV]
Tags:
korean actor |
korean movie |
korean drama |
korean news |
korea
Leave your comment