ပရိသတ်ရှေ့မှာချစ်ခွင့်ပန်သူ
လက်ရှိ
မြန်မာ့ ယဉ်ကျေး မှုမှာ ချစ်ခွင့်ပန် လို့ လက္ခံ ရင် သမီးရည်းစား အရာမြောက် ပါတယ်၊
ဒီတော့ မှ လူသိ ရှင်ကြား တွဲသွား တွဲလာ လုပ် ကြတယ်၊ ယူမည့် ရည်ရွယ်ချက် ရှိမှ လည်း
ချစ်ခွင့်ပန် ပါတယ်၊ ရေကြီး ခွင်ကျယ် လုပ်ပြီး လက်ထပ်ခွင့် တောင်းလေ့ မရှိပါဘူ။
အနောက်တိုင်း ယဉ်ကျေးမှု လွှမ်းတဲ့ နိုင်ငံတွေ မှာတော့ ချစ်ခွင့်ပန် တာ၊ တွဲတာ၊
အတူတူ နေတာ (living together) နဲ့ လက်ထပ် တာနဲ့ ဟာ တသီးတခြား စီပါ။ "Will you merry
me?" - "လက်ထပ်ခွင့် ပေးပါ" လို့ ယောက်ျား လေးက ခွင့်တောင်း တာဟာ ကြီးမား တဲ့ ကိစ္စ
ကြီး ဖြစ်တဲ့ အတွက် ထူးထူး ခြားခြား ပြုလုပ် ကြ လေ့ရှိ ပါတယ်။
ကိုးရီးယာ သီချင်း သရုပ်ဆောင် (musical actor) Lee Seok-joon ဟာ သူနဲ့ ၅ နှစ်
လောက် တွဲ နေတဲ့ ချစ်သူ Choo Sang-mee ကို ထူးခြား တဲ့ လက်ထပ် ခွင့် တောင်းပုံ
လေးကို ဖေါ်ပြ လို ပါတယ်။
Seoul မှာ ပြုလုပ်တဲ့ show ပွဲ တခုမှာ ပြောလိုက် ပါတယ်၊ "ယခု ကျွန်တေါ့ ချစ်သူ
ကို ချစ်ခွင့်ပန် ပါ တော့မယ် ပရိသတ် ကြီးက သက်သေပြု ပေးကြ ပါ ခင်ဗျာ" လို့
ပြောပြီး၊ သူ့ ချစ်သူ Lee Seok-joon ကို စင်မြင့် ပေါ် ဖိတ်ခေါ် လိုက် ပါတယ်။
ပြီးတော့ Even for Small Things in Our LifeӔ ဆိုတဲ့ သီချင်း ကိုဆို ပြီး လက်စွပ်
ဝတ်ပေး လို့ ထူးထူး ခြားခြား လက်ထပ်ခွင့် တောင်းခဲ့ ပါတယ်။
ချစ်သူ နှစ်ဦး ပွေ့ဖက် kiss လုပ်တဲ့ အခါမှာ ပရိသတ် က သောင်းသောင်းဖျဖျ သြဘာ
ပေးကြ ပါတယ်။ သတိုး သမီးလောင်း Choo Sang-mee က "We will make a happy and sweet
couple လို့ မျက်ရည် များကြား ကနေ ပရိသတ် ကို ပြောသွား ပါတယ်။
နောက်ပိုင်း မှာ သူတို့ နှစ်ဦး ရဲ့ mobile phone တွေကို ခေါ်ကြည့် တဲ့ အခါ၊
ဖုန်း မကိုင် ကြ ပါဘူ၊ သို့သေါ် နှစ်ဦး စလုံး ရဲ့ ring tone က Even for Small
Things in Our Life သီချင်း တေးသွား ဖြစ် နေ ပါတယ်။
Link
Musical Star in On-Stage Proposal to Long-Term Sweetheart
Tags:
korean singer |
korean news |
korea
Leave your comment