တမိုးလုံးရွာနေတဲ့ Rain
တမိုးလုံး ဖျောက်ဆိပ် ဆိုသလို၊ နေရာ တကာ Rain ဖြစ်နေ ပါတယ်။ လူကြိုက်
အများ ဆုံး မင်းသား Rain (Link)၊
ဘဝကြင်ဖေါ် အဖြစ်နီုင်ဆုံး မင်သား Rain (Link)၊
လူသိ အများ ဆုံး အာရှတိုက်သား တဦး အဖြစ် Times Magazine က ရွေးချယ် ခဲ့တဲ့ Rain (Link)၊
ကမ္ဘာ ပတ်ပြီး stage show လိုက်လုပ် နေတဲ့ ပထမဆုံး ကိုးရီးယား အဆိုတော် Rain (Link)၊
ကဲ ဘာကျန်သေး သလဲဗျာ။
ကျန် ပါသေးတယ်၊ ကိုးရီးယား နိုင်ငံတော် လေကြောင်း လိုင်း( Korean Air)
က ကမ္ဘာ ပတ်ပြီး stage show လိုက်လုပ် နေတဲ့ Rain ကို
sponsor လုပ် တော့မှာ ဖြစ်
ပါတယ်။ Rain ရှိုးပွဲး လုပ်မည့် တိုင်းပြည် ကို ပျံမည့် လေယာဉ် ကိုယ်ထည် တွေပေါ် မှာ
Rain ရဲ့ပုံကြီး တွေ ကပ် ပြီး လေကြောင်း လိုင်းကို ကြောငြာ မှာ ဖြစ် ပါတယ်။
ထို့ပြင် Rain နဲ့ အဖွဲ့ဝင် ၈၀ ဦး + တန် ၂၀ လောက် လေးတဲ့ ကရိယာ တွေ
ကိုလည်း stage show လုပ်မည့် တိုင်းပြည် သို့ အသွား အပြန် free သယ်ယူ ပို့ဆောင်
ပေးမှာ ဖြစ် ပါတယ်။
မကြာခင် ပြု လုပ်မည့် ဟောင်ကောင် stage show အတွက် လည်
လက်မှတ် အားလုံး
ရောင်းလို့ ကုန် သွားပြီး လို့ဆို ပါတယ်။ ကဲ ဘာလို သေးလဲ ဗျာ၊ ဒါ့ကြောင့်
"တမိုးလုံး ရွာ နေတဲ့ Rain" လို့ ခေါင်းစဉ် တပ်ပြီး တင်စား လိုက်ရ တာပါ။
Links
Rain signed a partnership deal with Korean Air
Rain Nominated In 'Time' Poll On Most Influential People
Rain's world stage show tour
Rain the most popular actors - [Arirang TV]
Tags:
korean actor |
korean news |
korea
Leave your comment