ကြင်ရာရွေးကြမယ်
ခေတ် အဆက်ဆက် နာမည် ကျော် အနုပညာ သည် တွေကို ပိုးကြပန်းကြ၊ အိမ်ထောင်ဘက် အဖြစ်
စိတ်ကူးယဉ် ကြ ဆိုတဲ့ ကိစ္စ တွေဟာ ဖြစ်ရိုး ဖြစ်စဉ် တွေပါ။
ကိုးရီးယား သား တွေ ကလည်း နတ်ပြည် က ကျ လာတာ မှ မဟုတ် တာ၊ ကျွန်တော် တို့လို
ပါပဲ။ မကြာမှီက လူလွတ် အမျိုးသား အမျိုးသမီး တစု ကို "သင်သည် မင်းသား မင်းသမီ
တဦးကို အိမ်ထောင် ဘက် အဖြစ် ရွေးချယ် ရမည် ဆို ပါက မည်သူ့ ကို ရွေးချယ် မည်နည်း"
ဟု မေးခွန်း ထုတ်ခဲ့ ပါတယ်။
အမျိုးသား ၂၁၇ ဦးနဲ့ အမျိုးသမီး ၂၂၀ ဦး တို့ကို Sunwoo မည်ရှိ ဖူးစာရှင် ရှာ
ကုမ္ပဏီ တခုက အထက် ပါအတိုင်း မေးခွန်း ထုတ် စစ်တမ်း ကောက် ခဲ့ခြင်း ဖြစ် ပါတယ်။
အမျိုးသား များ ရွေးချယ် မှုမှာ (၁)Jeon Ji-hyun ၁၃.၄ ရာနှုံး (၂)Kim Tae-hee ၆
ရာနှုံး (၃) Lee Hyo-lee ၅.၅ ရာနှုံး (၄) Song Hye-gyo ၅.၁ ရာနှုံး ဖြစ် ပါတယ်။

အမျိုးသမီး များ ရွေးချယ် မှုမှာ (၁)Rain ၁၀.၅ ရာနှုံး (၂)Jang Dong-gun ၉.၅
ရာနှုံး (၃) Song Il-gook ၈.၂ ရာနှုံး (၄) Jo In-sung ၇.၇ ရာနှုံး ဖြစ် ပါတယ်။

အမျိုးသား များ Jeon Ji-hyun ကို နှစ် သက်ရတာ ကတော့ လှပ တဲ့ မျက်နှာ နဲ့
ကျော့ရှင်း တဲ့ ခန္ဓာ ကိုယ် ကြောင့် လို့ ဆို ပါတယ်။ အမျိုးသမီး များ ကတော့ Rain
ရဲ့ ဗလ
နဲ့ ခလေး မျက်နှာ လေး ကို ကြိုက်လို့
ပါလို့ ဆိုကြ ပါတယ်။
Links
Rain, Jeon Ji-hyun Top on Fantasy Spouse List
Tags:
korean actor |
korean actress |
korean news |
korea
Leave your comment