နှစ်သစ်ရဲ့အာရုဏ်ဦး
ကိုးရီးယား အရှေ့ပိုင် Gangwon ပြည်နယ် ရဲ့ Jeongdongjin ဆိုတဲ့
သေးငယ် တဲ့ ဆိပ်ကမ်း မြို့ လေး
ဟာ Korean Peninsula ရဲ့ အရှေ့ပိုင် အကျ ဆုံး ဖြစ်လို့ တတိုင်းပြည် လုံး မှာ နေထွက်
တာကို အစော ဆုံး မြင်နိုင် တဲ့ ဒေသ ဖြစ် ပါတယ်။
ထောင်ပေါင်း များစွာ သော မိသားစု များဟာ နှစ်သစ်ကူး ရဲ့ ပထမ ဆုံး
နေထွက် ချိန်ကို Jeongdongjin မှာသွား ကြည့်ကြ လေ့ရှိ ပါတယ်။
ကိုးရီးယား မီးရထား ဋ္ဌာန ဟာ "အာရုဏ်ဦးရထား" (Sun Rise Train) လို့ အမည်ပေး
ထာ.တဲ့ အထူးရထား တွေကို နိုင်ငံ တဝှမ်း ကနေ Jeongdongjin ကို နှစ်သစ် အကြို ကာလ မှာ
ပြေးဆွဲ ပေး ပါတယ်။
Seoul, Yeongdeungpo,
Suwon, Dongdaegu နဲ့ Daejeon စတဲ့ အဓိက မြို့  ကြီး များမှ "အာရုဏ်ဦး" ရထား တွေ
အများဆုံး ထွက် ပေး ပါတယ်။ Seoul ကနေ Jeongdongjin ကို ၆နာရီခွဲ အတွင်း
လောက် မှာ ရောက် ပါတယ်။


အလားတူပဲ ကိုးရီးယား ရဲ့ အခြား နီးစပ်ရာ ပင်လယ် ကမ်းစပ် များ မှာလည်း လူစုလူဝေး
နဲ့ နှစ်သစ်ကူး အာရုဏ်ဦး နေထွက် တာကို ကြည့်ကြ တဲ့ အလေ့အထ ရှိ ပါတယ်။
Links
Train ride to sunrise and romance
Here Comes 2007
Tags:
korea |
korean habits |
korea custom
Leave your comment