သူပြန်လာပြီး
ကိုးရီးယား
ရုပ်သံ လောက မှ ၂နှစ် လောက် ပျောက်ကွယ် နေ
ခဲ့တဲ့ Chae Rim (ဂျင်ဆန်းမီ) ဟာ KBS2
တီဗွီ က ၂၀၀၇ ဇန်နဝါရီ လ လောက်မှာ ထုတ်လွှင့် မည့် Dal-jas Springtime ဆိုတဲ့
ဇာတ်လမ်း တွဲ အသစ် နဲ့ ပြန်လည် ပေါ်ထွက် လာ ပါတယ်။
နောက်ဆုံး ရိုက် ခဲ့တဲ့ ကိုးရီးယာ။ ဇာတ်လမ်း တွဲ က ၂၀၀၄ ခုနှစ် က ပြ ခဲ့တဲ့ "Oh
Pil-seung, Bong Soon-youn" (ဥက္ကဋ္ဌ လောင်း အိုဖီဆင်း) ဖြစ်ပြီး၊ နောက်ပိုင်း ၂နှစ်
လုံးလုံး တရုတ် ကားတွေ ပဲ လှည့် ရိုက် နေခဲ့ ပါတယ်။
ပင်ရင်း
ကိုရီးယား ဈေးကွက် ကို ဒီလို ပစ်ထား လို့ မကောင်း ပါဘူး။ ကိုယ်ရေး ကိုယ်တာ ပါလို့
အဝေးမှာ သွားနေနေ တာ လည်းဖြစ်မှာပါ။ ၂၀၀၃ ခုနှစ် မေ လ မှာ လက်ထပ် ခဲ့တဲ့ ယောက်ျား
ဖြစ်သူ Lee Seung-hwan (41) နဲ့ ၂၀၀၆ ခု နှစ် နှစ်ဦး ပိုင်း မှာ တရားဝင် ကွာရှင်း
ခဲ့ တဲ့ အဖြစ် ကလည်း ပေါ်ပေါက် လာခဲ့ ပါတယ်။
တရုတ်
မင်းသား Alec Su နဲ့ လည်း ဘာ မှ မဟုတ် ပဲနဲ့ အစွပ်စွဲ ခံခဲ့ ရသေး ပါတယ်။ သောက
တော်တော် များခဲ့ ပုံရ ပါတယ်။
အခု ဇာတ်လမ်းတွဲ မှာ အသက် ၃၃နှစ် ရှိတဲ့ အပျိုကြီး အဖြစ် သရုပ်ဆောင်
ပြီး၊ သူ့ထက် ငယ်တဲ့ မင်းသား Lee Min-ki နဲ့ အချစ် ဇာတ်လမ်း ဆင် ထား
ပါတယ်။(ဂျင်ဆန်းမီ DOB 1979-Mar-28 )
သူ့ ပရိသတ် က တော့ အပျော်ကြီး ပျော်နေ ကြ ပါတယ်။ ဂျင်ဆန်းမီ လေး
ရှင်သန် အောင်မြင် ပါစေ။
Links List
Return of Chae Rim
The newly divorced couple Chae Rim and Li Cheng Huan
Alec Su was accused as the cause of Chae Rim's divorce
Chae Rim divorces, Alec Su can't wait to see her

Tags:
korean actress |
korean news |
korea
Leave your comment