ကွန်ပျူတာဖူးစာ
ကွန်ပျူတာ
နဲ့ ဖူးစာဘက် ရွေးတဲ့ လုပ်ငန်း ကုပ္မဏီ
တွေဟာ စာရင်းဇယား တွေကို လေ့လာ လိုက်တော့ ယောက်ျား များဟာ
ရုပ်ရည် ချောမော မှု ကို ဦးစား ပေးပြီး
မိန်းမ များ ကတော့ ငွေကြေး ပြည့်စုံ မှု ကို
ဦးစား ပေ တယ် လို့ ကောက်ချက်ချ ကြ ပါတယ်။
ဒီလိုဆို ရင်တော့ တီဗွီဇာတ်လမ်း တွဲတွေ ထဲက story တွေဟာ အပြင်မှာ တကယ် မရှိတဲ့
စိတ်ကူးယဉ် တွေဖြစ် ဖို့ များတဲ့ သဘောပေါ့။
ကိုးရီးယား မှာ အတွဲ မချိတ်မိ သေးတဲ့ သူတွေက သိတ်များ နေတော့၊ အစဉ်အလာ
အားဖြင့် တော့ ရှေးရိုး အောင်သွယ် တွေ ကို အားကိုး ကြရ ပါတယ်။ ၁၉၇၀ နဲ့ ၁၉၈၀ ကြားမှာ
တော့ couple managersӔ လို့ ခေါ်တဲ့ သူတွေ ကို သုံးလာ ကြ ပါတယ်။ ခုတော့ လူလွတ် တွေ
က များလွန်း နေသေး တော့ စုပုံရှင်း တဲ့ လုပ်ငန်း အတွက် ကွန်ပျူတာ တွေကို အားကိုး လာကြ ရ
ပါတယ်။
မိန်းမ လိုချင်တဲ့ ယောက်ျား တဦးဟာ online မှာ ဝင်ပြီး မိမိရဲ့ ကိုယ်ရေး အချက်
အလက် တွေ ကိုဖြည့် သွင်း လိုက်တဲ့ အခါမှာ အလားတူ စာရင်း ပေးထားတဲ့ သင့်တော် မဲ့
မိန်းခလေး တွေရဲ့ အမည်တွေ ပေါ်လာ ပါတယ်။ ကြိုက်ရင် ချိန်းတွေ့၊ သဘောကျ ရင် ဆက်လေ့လာ၊
အဲ ဆက်ပြီး အဆင်ပြေရင် ညားကြ လေ သတည်း ဆိုတဲ့ သဘောပါ။
ဖြည့်သွင်း တဲ့ အချက် အလက် ပေါ်မူ တည်ပြီး အမှတ်ပေး index ကိုရ မှာ ဖြစ် ပါတယ်။
ဥပမာ ရုပ်ချောချော ပညာတတ် ပြီး အလုပ်အကိုင် ကောင်းကောင်း ဆိုရင် index ကောင်း
မယ်ပေါ့။ မဟုတ်ရင် တော့ index ကနိမ့် မယ်ပေါ့။
ဒီမှာတင် "အင်ထု" တာတွေ နှစ်ဖက် စလုံး ကလုပ် လာကြ ပါတယ်။ အရပ် နည်းနည်း ရှည်ပြ၊
ဝင်ငွေ ပိုပြ၊ ပညာအရည် အချင် တိုးပြ၊ စတာ တွေ လုပ်ကြ တော့ အပြင် မှာ တကယ် တွေ့ကြ
တဲ့ အခါ ဘွတ်ကလုံ ကြီး တွေဖြစ် နေပြီး ပြဿနာ တွေ တက် ကုန် ပါရော၊
သဘာဝ အတိုင်းဘဲ ပိုးပမ်း ပြီး အိမ်ထောင်ဘက် ရှာတာ ကောင်းမယ် ထင် ပါရဲ့။
Links
Eliminating the Human Factor in Matchmaking
Tags :
korean habits |
korean culture |
korea
Leave your comment