ပိန်ချင်တဲ့မင်းသမီး
မင်သမီးတလက် ဟာ ဒါရိုက်တာ ရဲ့ အစီအစဉ် နဲ့ တနေ့ ကို အာလူးစိမ်း အနည်းငယ် နဲ့
ပန်းသီး တစ်လုံး ဘဲ စားပြီး လ အနည်းငယ် ကြာအောင် ဝိတ်ချ (weight reduce) ခဲ့တယ်တဲ့၊
ဘယ်သူများ ပါလိမ့်?။
မင်းသမီး နာမည် က Lim Soo-jung ဖြစ်ပြီး ဒါရိုက်တာ Park Chan Wook ရဲ့ 'I'm a
Cyborg, but It's Ok' ဆိုတဲ့ ဇာတ်ကား အတွက် ပြင်ဆင် ခဲ့ တာ ဖြစ် ပါတယ်။ မင်းသား
နာမည် ကြီး Rain Bi နဲ့ ရိုက်ခဲ့ တဲ့ ဒီ ဇာတ်ကား ကို ဒီဇင်ဘာ
၇ ရက် နေ့က ကိုးရီးယား
မှာ ရုံတင် ခဲ့ ပါတယ်။
တစ်ကား လုံးမှာ အခက်ဆုံး အလုပ် ကတော့ မင်သမီး ကို ဝိတ်ချ ရန် ကြပ်မတ် ရတဲ့
အလုပ်ပဲ ဖြစ်ပါတယ် လို့ ဒါရိုက်တာ က ပြောသွား ပါတယ်။ ဝိတ်ချ ပြီးတဲ့ အချိန် မှာ
မင်းသမီး ရဲ့ အလေးချိန် ဟာ ၃၉ ကီလို ဘဲရှိ ပါ တော့တယ်။
'I'm a Cyborg, but It's Ok' ရဲ့ ဇာတ်ကောင် မင်းသမီ ဟာ သူ့ကိုယ်သူ စက်ရုပ် (Cyborg)
လို့ ထင်နေ တဲ့ စိတ်မမှန် သူ တဦး ဖြစ်ပြီ အစာ မစား ချင်ဘဲ transisters တွေနဲ့
အားဖြည့် ဖို့ ကြိုးစား နေပါတယ်။
ဒီတော့ အမြဲတမ်း ဆာလောင် နေတဲ့ သရုပ် ကိုပေါ် အောင် ဇာတ်ကား ရိုက်နေ စဉ်မှာ လည်း
မင်းသမီး ကို ဒါရိုက်တာ က အစာနည်းနည်းဘဲ ကျွေး ပါတယ်။ ကားရိုက် နေစဉ် မှာ Lim Soo-jung
ဟာ ဒါရိုက်တာ နဲ့ အခြား အုပ်ချုပ် သူတွေ အပေါ်မှာ သူ့ကို အငတ် ထား တဲ့ အတွက်
အမြဲစိတ် ကောက် နေတတ် ပါတယ်။
Rain နဲ့ Lim Soo-jung ဟာ kiss scene ရိုက်တာ ဝါသနာ မပါတဲ့ ဒါရိုက်တာ ကို
အတင်း အကြပ် ပူဆာ ပြီး နမ်းတဲ့ အခန်း ကို မပါပါ အောင် ရိုက် ခဲ့ ပါတယ်။ romantic
comedy ဇာတ်လမ်း မျိုးမှာ kiss scene မပါရင် မဖြစ် ဖူးလို့ ယုံကြည် ခဲ့ကြ တဲ့
မင်းသား နဲ့ မင်းသမီး ဟာ အပြတ် ကြိုးစါး လိုက်ကြ တာ ၂၀၀၆ ခုနှစ် ရဲ့ အကောင်းဆုံး
အနမ်း အဖြစ် နာမည် ကျော် Chosun Ilbo သတင်စာ ရဲ့ ရွေးချယ် ခြင်းကို ခံခဲ့ ရ ပါတယ်။
A clip of Lim Soo-jung from'I'm a Cyborg, but It's Ok'
Links List
Lim Soo-jung: 39 kg, but That's Okay
Lim Soo-jung was always hungry, always angry
The Season's Great Movie Kisses
Lim Soo_jung (hancinema.net)
Profile of Lim Soo_jung
Photos of Lim Soo-jung
Tags:
korean actress |
korean news |
korean movie
Leave your comment