သွေးစုတ်ကောင်မင်းသမီး
မင်းသမီး Jeon Ji-hyeon ဟာ ဟောလီဝုဒ် က
ရိုက်မည့် "The Last Vampire" အမည်ရှိ တဲ့
သွေးစုတ် ဖုတ်ကောင် သရဲကား မှာ ခေါင်းဆောင် မင်းသမီး အဖြစ်
ပါဝင် သရုပ် ဆောင် ဖို့ စီစဉ် နေ ပါတယ်။
ဒီမင်းသမီ ဟာ
ကိုးရီးယား ရုပ်ရှင် "My Sassy Girl" နဲ့ နာမည်
ကြီး လာခဲ့ ပါတယ်။ ထို့အပြင် ဟောလီးဝုဒ် က အဲဒီ "My Sassy Girl" ကို သမီး
Elisha Culthber နဲ့ ပြန်ရိုက် နေ ပါတယ်။ အလား တူ Jeon Ji-hyeon
ပါ ခဲ့တဲ့ Il Mare အမည် ရှိ တဲ့ ကိုးရီးယား ကား ကိုလည်း Sandra Bullock ခေါင်းဆောင် ပြီး "The
Lake House" အမည်နဲ့ ဟောလီးဝုဒ် ကပြန် ရိုက်ခဲ့ ပြီးပါပြီး။

ယခု ရိုက်မဲ့ ဇာတ်လမ်း ကတော့ ဂျပန် ကာတွန်းကား The Last Vampire (နာမည်တူ) ရဲ့ story ကိုမှီငြမ်း ပြီး ဒါရိုက်တာ Ronnie Yu
နဲ့ ပရိုဂျူဆာ Bill Kong တို့မှ ဦးစီး ပြီး ဟောလီးဝုဒ်
ဖာတ်ကား အနေနဲ့ ပြန်ရိုက် မှာဖြစ်
ပါတယ်။
ဒါရိုက်တာ Ronnie Yu နဲ့ ပရိုဂျူဆာ Bill Kong တို့ အတွဲဟာ Jet Li ခေါင်းဆောင်
တဲ့ နာမည် ကျော် "Fearless" ဇာတ် ကား ကို ရိုက်ခဲ့ တဲ့ အတွဲ ဘဲဖြစ် ပါတယ်။
Jeon Ji-hyeon ဟာ ဟောလီဝုဒ် မှာ ဒီကား နဲ့ ခြေချ ပြီးရင် ဆက်လက် ပြီး
ဟောလီဝုဒ် တန်းဝင် မင်သမီး တလက် ဖြစ်လာ ပါစေလို့ ဆုတောင်း ပေးအပ် ပါတယ်။
Links List
Korean Actress Jeon Ji-Hyeon To Be The Last Vampire
Pictures and profile of Jeon Ji-hyeon
My Sassy Girl
Il Mare
Tags:
korean actress
korean news
korea movie
korea
Leave your comment