တိုးတိုလာသောဂါဝန်များ
ကြော်ငြာ
နဲ့ ရုပ်ရှင် လောက မှ Uhm Jung-hwa, Lee Hyo-lee, Yoon Eun-hye, Seong Yu-ri
စတဲ့ နာမည် ကြီးများ ရဲ့ ကောင်းမှု ကြောင့် ကိုးရီးယား မှာ ဂါဝန်တို ဘောင်းဘီတို
(super mini skirts & hot pants) ရောဂါ ထ နေ ပါတယ်။
ယောက်ျား လေး တွေ များများ ကြည့်လေ ဂါဝန်တွေက တိုးတို လိုက်လာလေ လို့ တောင်
ဆိုစမှတ် ပြု နေ ကြ ပါတယ်။
နွေကတည်း က စခဲ့တဲ့ ရောဂါ ဟာ ဆောင်းတွင်း မှာလည်း
တန့် မသွားဘဲ ရောင်းအား က
ဆက်ကောင်း နေ ပါတယ်။ ၂၅ စင်တီ မီတာ လောက်သာ ရှိတဲ့ super mini skirts
နဲ့ hot pants
တွေဟာ လက်မလည် အောင် ရောင်း နေရ ပါတယ်။
Online
ကရောင်း တဲ့ G-market site မှာ super mini skirts နဲ့ hot pants အထည် ၁၅,၀၀၀
လောက် နေ စဉ် ရောင် နေ ရပြီး အောက်တိုဘာ လ တုံးက အထည် ၄၅၀,၀၀၀ ရောင်းခဲ့ ရလို့
နွေတုံး ကထက် ၁၀ ရာနှုန်း ရောင်းအား ပို လာ ပါတယ်။
တခြား တွဲဖက် အသုံး အဆောင် များ ဖြစ်ကြ တဲ့ Leggings, knee-socks နဲ့ boots တွေလည်း
အရောင်း ထိုးတက် လာ ပါတယ်။ G-market ဟာ ပြီးခဲ့တဲ့ လ က ဘိနပ် အရံ ၂၀၀,၀၀၀ ရောင်းချ
ရလို့ မနှစ် က ထက် ၃၀ ရာနှုံး အရောင်း တိုးလာ ပါတယ်။
တိုတို
ကလည်း ဝတ်ချင် အေး ကလည်း အေး တော့ အသားကပ် ခြေစွပ် ရှည် တွေလည်း ရောင်းကောင်း
နေပါတယ်။ ကျမ်းမာ ရေး သီအိုရီ အရ တော့ ဂါဝန် ၂ စင်တီ တို လာရင် ကိုယ် အောက်ပိုင်း
အပူချိန် ၁ ဒီဂရီ စင်တီ ဂရိတ် ကျလာ တယ် လို့ ဆို ပါတယ်။ လွန်ကဲ လာရင် အခြား ကိုယ်
အောက်ပိုင်း အေး တာနဲ့ ဆက်စပ် နေတဲ့ ရောဂါ တွေ ဖြစ်လာ နိုင်တယ် လို့ သတိ ပေးထား
ပါတယ်။
တိုလည်းတို ကျမ်းမာရေး လည်း မထိ ခိုက် ချင်ရင် တော့ (၁)အစား မှန်မှန်စား ကောင်ကောင်
အိပ်၊ လေ့ကျင့်ခဏ်လုပ်၊ (၂)ကိုယ် အောက်ပိုင်း နွေးအောင် ထား၊ (၃)အစား ပူပူ စား။
(၄)ရိုးရာ herbal tea သောက် လို့ ဆိုထား ပါတယ်။ လှတာမက် တော့ ညစာ ခက်တယ် ဆိုတာ
ဒါမျိုး ထင် ပါရဲ့။
Links List
Turning Heads Make Skirts Rise
How to Wear a Mini Skirt Without Catching a Chill
Tags:
korean habits |
korean news
Leave your comment