မမျှတတဲ့ပြိုင်ပွဲများလား
ဇာတ်လမ်း
က ၁၆ ရာစု လောက် က ကျော်ကြား ခဲ့တဲ့ Hwang Jin-i လို့ အမည်
ရှိတဲ့ "kisaeng ဖျော်ဖြေရေးမယ်" အကြောင်းပါ။
"kisaeng ဖျော်ဖြေရေးမယ်"ကို ဂျပန်
မှာတော့ "Geisha မယ်" လို့ ခေါ်ကြပါတယ်။
ဒီတော့ ရိုက်ချက် တွေက သာမံ ထက် ကြမ်မဲ့ ရမ်းမဲ့ သဘော ရှိပါတယ်။ Love scene
လည်း ပါဖို့ သေချာ တာပေါ့။
kisaeng ဖျော်ဖြေရေးမယ် အကြောင်း အပိုင်း
၂၄ ပိုင်း ပါတဲ့ TV Drama
ကို မင်းသမီး Ha Ji-won
ခေါင်းဆောင် ပြီး လောလော ဆယ် ကိုးရီးယား မှာ ပြနေ ပါပြီ။
Ha Ji-won ဟာ "လျွှို့ ဝှက်ချက်-Secret" ဇာတ်လမ်း တွဲ မှာ သမီး အတု လုပ်တဲ့
"လီကျီအင်း" အဖြစ် မြန်မာ ပရိသတ် နဲ့ ရင်းနှီး ပြီး သားပါ။
Ha Ji-won အနေနဲ့ က ခေါင်း ဆောင် မင်သမီး တွေနဲ့
အပြိုင် လူဆိုး မင်သမီး
အဖြစ် TV Drama တွေ မှာ ရိုက်ဖူး ခဲ့တာ
ကြောင့် "ဖျော်ဖြေရေးမယ်" သရုပ် ကိုပေါ် အောင် သရုပ် ဆောင်နိုင် မှာ
သေချာ ပါတယ်။
တပြိုင် ထည်းမှာ ဒီ kisaeng ဖျော်ဖြေရေးမယ် ဇာတ်လမ်း ကိုဘဲ Song Hye-gyo
(အွန်စော) နဲ့ movie ရိုက် နေတာ ပြီး သလောက် ရှိနေ ပါပြီ။
Song Hye-gyo (အွန်စော) ကတော့ တလျှောက် လုံး နုနုဖတ်ဖတ် အရုပ် လေးလို ဇာတ်လမ်း တွေ ဘဲ ရိုက်ကူး ခဲ့ရ တော့ ကြမ်မဲ့ ရမ်းမဲ့ Love scene တွေပါ မှာ သေချာတဲ့
"ဖျော်ဖြေရေးမယ်" အဖြစ် ဘယ်လို သရုပ်ဆောင် မယ် ဆိုတာ ရင်တမမ
နဲ့ စောင့် ကြည့် ရတော့
မှာပါ။
အွန်စော ဟာ ဝါရင့် သရုပ် ဆောင် တဦး ဖြစ်လေ တော့ ကိုးရီးယား အနုပညာသည် တွေရဲ့
ထုံးစံ အတိုင်း
ပုံပေါ် အောင် ပီပီ ပြင်ပြင် သရုပ်ဆောင် မှာ တော့ သေချာ ပါတယ်။
ဘယ်သူ ပိုတော် မလဲ ဆိုတဲ့ မေးခွန်း ဟာ လူတိုင်း ရဲ့ ပါးစပ် ဖျား မှာ ရှိနေ
ပါ တယ်။ သို့မဟုတ်
မမျှတ တဲ့ပြိုင် ပွဲများ
ဖြစ်နေ မလား။
Links List
Ha Ji Won Snapps Up Song Hye Kyo's Plum Geisha Role
Ha Ji-won vs Song Hye-kyo in Hwang Jin-i
About a kisaeng named Hwang Jin-i
See pictures and profile of Ha Ji-won here
See pictures and profile of Song Hye-gyo here
Tags:
korean actress |
korean drama |
korean movie |
korean culture |
korean news
Leave your comment