မှားသွားလို့ မှားသွားလို့
နာမည်ကြီး မင်းသမီး များရဲ့ အကြီးမားဆုံး စိုးရိမ်
မှု တခု ကတော့ တခြား မင်း သမီး တယောက် ဝတ်ပြီး သား fashion design
အတိုင်း
ဝတ် မိပြီး၊ အဲဒါ ကို လည်း သတင်း စာ
များ က ဖေါ်ပြ မှာကိုပါ ဘဲ။
ကိုးရီးယား မင်းသမီး
Kim Tae-hee (ဘယ်ဘက် က မိန်းခလေး) ဟာ
ကံဆိုးသူ ပါ။ အောက်တိုဘာ လ တုံးက ရှန်ဟိုင်း မှာ သူ
ပါဝင် တဲ့ "The Restless" ဆိုတဲ့ ရုပ်ရှင် ကား promotion လုပ်တဲ့
ကြော်ငြာ ပွဲ ကို တက် ရောက် ခဲ့ ပါတယ်။
ဖြစ်ချင် တော့ Kim Tae-hee ဝတ်လာ တဲ့ fashion ဟာ ထိုင်ဝမ် မှာ
လွန်ခဲ့တဲ့ သုံးလေး ရက် လောက် က ပြု လုပ်ခဲ့တဲ့ ELLE FASHION
ပြပွဲ မှာ တရုပ် မင်းသမီး Patty Hou ဝတ် ခဲ့တဲ့ ဖက်ရှင် ဒီဇိုင်း
နဲ့ တပုံစံ ထဲ ဖြစ်နေ ပါတယ်။
ဒါကို သတိပြုမိ တဲ့ သတင်းစာ တွေ က ပုံကြီး ချဲ့ ရေးကြ ပါ တော့ တယ်။
နှစ်ဖက် ပရိသတ် တွေ ကလည်း
သူ့ မင်းသမီး လှတယ် ကိုယ့် မင်းသမီး လှတယ် နဲ့ ငြင်းကြ ခုံကြ တွေဖြစ် ကုန်ပါ ရော။
တချို့ ကလည်း မင်းသမီ ဆိုတာ အဝတ်အစား တာဝန်ခံ
က ထုတ်ပေး တာ ကို
ဝတ်ရတာ ဖြစ်လို့ အပြစ်တင် ချင်ရင် ဒီလူတွေ ကို ဘဲ အပြစ်တင် ကြပါ လို့ လည်း
ပြောကြ ပါတယ်။
ဘာဘဲ ပြောပြော ခွတော့ တော်တော် ကျတာ ဘဲ၊ ကာတွန်း ဦးအောင်ရှိန် ရဲ့
စုံထောက် ကြီး ဦးစံရှား ဆိုရင် တော့
"မှားတဲ့အခါလည်းမှားပေမပေါ့ဗျာ" လို့ ပြောလိုက် ရင် ပြီးသွား မှာပါ။
Links List
Kim Tae-hee wear same cloths of Patty Hou
Pictures of Kim Tae_hee
Profile of Kin Tae-hee
Slide show of Kim Tae-hee
Profile of Patty Hou
Tags:
korean actress
korean news
korea
Leave your comment