ဂျင်စန်းမီနဲ့သူ့ယောက်ျား
် မြဝတီ မှာ တရုပ်သိုင်း ကားကြည့် ရင်း တူမလေး တွေက တရုပ် မင်းသား
Alec Su နဲ့ ဂျင်စန်းမီ(Chae Rim) တို့ဟာ လင်မယား တွေ ဖြစ်ကြ တယ် ဘာညာ ဘာညာ စသည်
ဖြင့် ကြား နေ ရတော့ စိတ်ဝင်စား ပြီး internet ထဲမှာ ရှာကြည့်
တာ အောက်ပါ အတိုင်း
တွေ့ ရ ပါတယ်။
ဂျင်စန်းမီ ရဲ့ ခင်ပွန်း ဟာ ကိုးရီးယား အဆိုတော် Lee Seung-hwan (41)
ဖြစ် ပါတယ်။ သူတို့ ဟာ ၂၀၀၃ ခုနှစ် မေ လ
မှာ လက်ထပ် ခဲ့ကြ ပြီး ၂၀၀၆ ခု နှစ်
နှစ်ဦး ပိုင်း မှာ တရားဝင် ကွာရှင်း ခဲ့ပါ တယ်။
တရုပ် မင်းသား Alec Su နဲ့ ဂျင်စန်းမီ(Chae Rim) တို့ဟာ အင်မတန်
ရင်းနှီ တဲ့ သူငယ်ချင်း များ သာဖြစ် ကြပါ တယ်။ ဂျင်စန်းမီ တို့ လင်မယား ကွာရှင်း ကြ
တာဟာ Alec Su ရဲ့ ပယောဂ ပါ သလိုလို၊ သိုးသိုး သန့်သန့် သတင်း တွေ
က လည်း ထွက်လာ ပါ
တယ်။
ဒီနှစ် ဧပြီ လ ၁ ရက် နေ့ မှာ Alec Su ဟာ Beijing သို့ ရောက် လာစဉ်
သတင်း ထောက် များ က ဒီသတင်း မှန်မမှန် ဝိုင်းမေး ကြ ပါတယ်။ မင်သား က
လည်း နောက် ရွှတ်ပြီး တော့
"ခင်ဗျား တို့တောင် သိနေ ကြပြီး လာ? ဟုတ်ချင် ဟုတ် မှာပေါ့ ဗျာ" လို့ ပြောခဲ့
ပါတယ်။
ဒီမှာတင် ကိုးရီးယား media လောက တခုလုံး ရုတ်ရုတ်သဲသဲ
ဖြစ်ပြီး ရေးကြ မေးကြ
တွေ ဖြစ်ကုန် ပါတယ်။ ဂျင်စန်းမီ ကလဲ ဘာဖြေ လို့ ဖြေ ရမှန်း မသိ ဖြစ် သွား ပါတယိ။

နောက်ပိုင်း Alec Su က
ဟာ အလွန်တရာ စိတ် မကောင်း ဖြစ်ပြီး သူ့
website မှာ ဒီလို မဟုတ် ကြောင်း တောင်းပန် ဖြေရှင်း ချက် ရေးသား ခဲ့
ပါတယ်။
နောက်ဆုံး အဖြေ ကတော့ Alec Su နဲ့ Chae Rim ဟာ ယခု အချိန် အထိ
တော့ သူငယ်ချင်း အဆင့် ဘဲရှိ ပါသေး တယ်။
Links List
Singer Lee Seung-hwan (Chae Rim's ex) is serious about music
The newly divorced couple Chae Rim and Li Cheng Huan
Alec Su was accused as the cause of Chae Rim's divorce
Chae Rim divorces, Alec Su can't wait to see her
Alec Su DoesnҒt See Chae Rim - Absentminded?
Tags:
korean actor
korean actress
korean news
korea
Leave your comment