မြုပ်ကောင်မင်းသမီး
မြဝတီ
ကလာတဲ့ "ညီအစ်မလေးဖေါ်" ဇာတ်လမ်း တွဲ မှာ အစ်မကြီး အဖြစ် သရုပ် ဆောင် ခဲ့တဲ့ Hwang Soo-jung
(34) ဟာ မူးယစ်ဆေး သုံးမှု နဲ့ ၂၀၀၁ ခု နှစ် မှ စပြီး ၅နှစ်လောက် ပျောက် နေရာ
က အခု အဆိုတော် WAX ရဲ့ သီချင် ဗွီဒီယို
မှာ နောက်ခံ သရုပ် ဆောင် အဖြစ်နဲ့ ပြန်လည် ပေါ် ထွက် လာ ပါတယ်။
Soo-jung ဟာ WAX ရဲ့ အမှတ် ၆ album "Because Love is Always Like That" အတွက်
အောက်တိုဘာ လကုန် လောက် က ညလုံး ပေါက် ၂ ရက် ဆက်တိုက် ရိုက်ကူး ခဲ့ ပါတယ်။
၅နှစ်
ကျော်လောက် အတွင်းမှာ ပထမ ဆုံး ရိုက်ကူး ခြင်း ဖြစ်လို့ စိတ်လှုပ်ရှား ပြီး
သရုပ်ဆောင် ဈာန်ဝင် အောင် အတော် လုပ်ယူ ရတယ် လို့ ဆို ပါတယ်။ ဒါပေမဲ့ ဝါရင့်
မင်းသမီး မို့လို့ မကြာ ခင်မှာ
ပဲ အားလုံး အဆင်ပြေ သွားတယ် လို့ ဆို ပါတယ်။
ရာသီ ၄ မျိုး မှာ ကြည်နူးမှု မှ ဝမ်နည်းမှု သို့ အဆင့်ဆင့် ပြောင်းလဲ ပုံတွေ
ကို ပေါ်လွင် အောင် သရုပ်ဆောင် ရတာ ဖြစ်ပါ တယ်။
မင်းသမီး ရဲ့ agent ဖြစ်တဲ့ Yedang Entertainment ရဲ့ အဆိုအရ မင်သမီး ကို သရုပ်
ပြန်ဆောငိ ဖို့ နေရာ အများ အပြားမှ ကမ်းလှမ်း တာတွေ ရှိနေ ပေမဲ့ သေသေ ချာချာ လေ့လာ
ပြီးမှ ဆုံး ဖြတ်မှာ ဖြစ်တဲ့ အကြောင်း ပြောပါ တယ်။
သီချင်း ဗွီဒီယို ခွေ ကို နိုဝင်ဘာ လလယ် မှာ ထုတ်ဝေ မှာ ဖြစ် သေါ်လည်း မူးယစ်
မှုနဲ့ ပြဿနာ ရှိခဲ့ တဲ့ မင်သမီး ကို ပြန် လက်ခံ ရန် သင့်မသင့် ကို ပရိသတ် တွေ အကြားမှာ အကြီ အကျယ်
အငြင်း ပွားနေ ကြဆဲ ဖြစ် ပါ တယ်။
ဒီ ဆောင်းပါး မှာ ဖေါ်ပြ ပါပုံ တွေ ကတော့ မင်းသမီး ရဲ့ နောက်ဆုံး သီချင်း
ဗွီဒီယို အခွေ ကပုံ များ ဖြစ် ပါတယ်။
Link List
Hwang Soo-jung 'Better than Ever' After Five-Year Break
Actress Tries Comeback Five Years After Drug Bust
Actress Hwang Soo-jung Sues NHN for Defamation

Her Pictures and Profile
Tags:
korean actress
korean news
Leave your comment