နောက်တကြိမ်ပြတော့လည်းတိုးကြိတ်နေဆဲ
ကားဟောင်း ကြီး ပြန်ပြ တာကိုပဲ နေရာကောင်း ရအောင် ညလုံး ပေါက် တန်းစီ စောင့်
ကြသတဲ့၊ ဘယ်နိုင်ငံ မှာလဲ? ဘာကား များလဲ? ဂျပန်မှာ ပါ၊ ဇာတ်ကား ကတော့ မင်းသား
Bae Yong-joon မင်းသမီး Son Yeh-jin တို့ ရဲ့ April Snow.
ပြန်ပြ ကား ကို ဂျပန် နိုင်ငံ Osaka မှာ Sept. 9 နေ့က ပြခဲ့ ပြီ Nagoya မှာ Oct. 21
နေ့မှာ ပြခဲ့ ပါတယ်။ လာမည့် Oct. 28 မှာ Hukuoka မှာပြ မှာဖြစ်ပါ တယ်။
လက်မှတ် တွေကို လွန်ခဲ့ တဲ့ July လ ထည်း က ရောင်ချ ခဲ့တာ ဖြစ်ပါ တယ်။ လက်မှတ်
ရပြီပေ မဲ့ ရုံထဲ ဝင်နှိင်အောင် admission ticket ဆိုတာ လိုပါ သေးတယ်။
ရုပ်ရှင် ရုံမှာ တိုးခွေ့ မနေ ရအောင် admission ticket တွေ ကို
မပြ ခင် ၂ရက် ကြိုထုတ် ပေးပါ တယ်။ ဒီ admission ticket က ဝင်ခွင့်ပဲ ပေတာ
ပါ၊ ကြိုက်တဲ့ နေရာ ထိုင် နှိင်တာ ဆိုတော့ နေရာ
ကောင်း ရအောင် ညအိပ် စောင့် ကြတာ ပါ။
ဒီလို ပရိသတ် ရှိနေ တာဟာ မင်းသား Bae Yong-joon ဂျပန် မှာသိတ် popular ဖြစ်နေ
လို့ပါ။ မူလ April Snow နဲ့ မတူ တဲ့ director uncut re-release လို့ ဆိုပါ တယ်။ မူလ
ကားထက် မီနစ် ၃၀ ပြသချိန် ပိုကြာ ပါတယ်။
April Snow ကို မနှစ်က ဂျပန် မှာ ပထမ အကြိမ် ပြသ စဉ်က 2.75 ဘီလျံ ယန်း (US$ 23.2 millions) ဝင်ငွေ ရှိခဲ့ ပါတယ်။
Links list
Bae Yong-joon's April Snow Re-released in Japan
An April Snow Review
hancinema.net_movie April Snow
Bae Yong-joon's pictures and profile.
Son Yeh-jin's pictures and profile.
Tags:
korean actor |
korean actress |
korean news |
korea
Leave your comment