ဝန်ကြီချုပ် ကတော်က
သိတ်ကြိုက်တယ်တဲ့
ဂျပန်နိုင်ငံ ရဲ့ ပူပူနွေးနွေး ဝန်ကြီးချုပ် သစ် Shinzo Abe ရဲ့ ဇနီး Akie
Abe (44) ဟာ ကိုးရီးယား ဇါတ်လမ်းတွဲ တွေ ကို သိတ် ကြိုက်တယ် လို့ ဆိုပါတယ်။ သူ့
ယောက်ျား ကိုယ်တိုင်က သူ့ဇနီး ဟာ ကိုးရီးယား မင်းသား Bae Yong-joon နဲ့ Park
Yong-ha ကို တအား ကြိုက်တယ် လို့ ပြောပါ တယ်။
Bae Yong-joon မကြာ မှီ Tokyo လာစဉ် က တည်းတဲ့ ဟော်တယ် မှာ သူ့ အတွက် အခန်း
တခန်း ငှားပေး ဖို့ ယောက်ျား ကို ပူစာ ခဲ့ပါ တယ်။ မင်းသား စစ်စစ် ကို
အရှင် လတ်လတ် မြင်ဖူး ချင် လို့ ပါ၊ ဒီလောက် ဝါသနာ ကြီးပါ တယ်။
သူတို့ လင်မယား September 2004 ကိုးရီးယား ကို သွားလည် စဉ်က Park Yong-ha နဲ့ တွေ့
သွားပြီး မင်သား က လက်မှတ် ထိုး ထားတဲ့ album တခု လက်ဆောင် ပေးလိုက် ပါတယ်။ ဒါ့
အပြင် ဝန်ကြီးချုပ် ကတော် ဟာ အပတ် စဉ် ကိုးရီးယား ဘာသာ သင် တန်း တက်နေ ပြီး
ထမင်းစား ရေသောက် ပြော
နိုင် နေပြီး လို့ဆိုပါ တယ်။
သူဟာ လုပ်ငန်း ရှင်ကြီး တယောက် ရဲ့ သမီး ဖြစ်ပြီး University of the Sacred
Heart, Tokyo. ကဘွဲ့ ရခဲ့ပါ တယ်။ Shinzo Abe နဲ့ ၁၉၈၇ ခုနှစ် မှာ
လက်ထပ် ခဲ့ ပြီး
သားသမီ မထွန်းကာ ခဲ့ ပါ။ ယောက်ျား ကို ထောက်ခံ အားပေး ရာ မှာ အမေရိကန် သမတ
ဟောင်း ကတော် Hillary Clinton နဲ့ တူတယ် လို့ ဆိုကြပါ တယ်။
ကိုးရီးယား ဂျပန် ချစ်ကြည်ရေး ဟာ သူ့ကြောင့် တိုးတက် လာ လိမ့်မယ် လို့ အားလုံး
ကမျှော်လင့် နေကြပါ တယ်။
မူလ သတင် တွေကို အောက် ပါ links တွေမှာ ကြည့် ပါ။
Links
Korea to Have a Champion in Japans New First Lady
JapanҒs First Lady-to-Be an Avid Korean Wave Fan
See pictures and profile of Bae Yong-joon here
See pictures and profile of Park Yong-ha here
Leave your comment